"ကြယ်စင်....ကြယ်စင်...နင်အခုဘယ်ကိုသွားဖို့စီစဉ်နေတာလဲ...."" ငါ့အဖေအိမ်ကိုလေ...."
" ဟင်ဘာလို့... ကျောင်းကိုပြန်သွားမယ်ထင်နေတာ..."
" ခဏလေးပါဧကရီရယ်....ငါ့အဖေနဲ့မတွေ့ရတာကြာတော့သွားချင်လို့ပါ...."
"အေးပါဟယ်...နင်စိတ်ချမ်းသာသလိုလုပ်ပါ..."
ရွှေရောင်းအဆင်းနှင့်ပြည့်စုံပြီးကြီးကြယ်ခမ်းနားလှသောအိမ်ကြီး....
ခြံစောင့်သည် ကြယ်စင့်ကိုမြင်သည်နှင့် အဆင်သင့်ခြံတံခါးကိုဖွင့်ပေးလေသည်။
" အဖေအိမ်ထဲမှာရှိတယ်မလား ..."
" ဟုတ်မမလေး...."
ဧကရီသည်သူများအိမ်ဖြစ်၍ အထဲသို့တမ်းမ၀င်သေးဘဲ အိမ်တံခါးရှေ့ရပ်နေလေသည်။
" ဧကရီ...အဲ့မှာဘာရပ်လုပ်နေတာလဲ..."
ဧကရီ့လက်လေးကိုဆုပ်ကိုင်လိုက်သောကြယ်စင့်လက်....
" လာပါ...အထဲ၀င်ကြရအောင်..."
ဧကရီသည် ကြယ်စင်အားပြုံးပြလိုက်ပြီး
" အင်း..."
" ဖေဖေ...ဖေဖေရေအထဲမှာရှိလား..."
တစ်အိမ်လုံးတိတ်ဆိတ်နေပြီး ထူးသံမကြားရပေ.......
" အဖေအပြင်သွားတာလားမသိဘူး...ခဏလောက်ထိုင်စောင့်ရအောင်..."
" အင်း..."
ထိုစဉ်ခြံထဲသို့ကားတစ်စီး၀င်လာခဲ့သည်။
ကြယ်စင်သည် သူမအဖေကားမှန်းသိ၍
အံ့ဩသွားအောင် စချင်ခဲ့၍ အိမ်ထဲမှာပင်ထိုင်စောင့်နေခဲ့သည်။ကားပေါ်မှဆင်းလာသော ဦးမင်းသူ....
အထဲတွင်ရှိနေသော ခင်ခင်လေး ကို တံခါးဖွင့်ပေးလိုက်သည်။" ကျေးဇူးကိုကို..."
ခင်ခင်လေး သည် ကြီးကျယ်ခမ်းနားလှသောအိမ်ကြီးကိုကြည့်လိုက်ပြီး
" ဟယ်...ကိုကို့အိမ်ကြီးက အကြီးကြီးပဲနော်...ဒါပထမဆုံး အချစ်ကို အိမ်ကြီးဆီခေါ်လာပြဖူးတာပဲ..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."