" Hello...ပြောပါရှင်..."
တစ်ဖက်မှစကားသံပြန်ကြားမလာခဲ့....
ဒေါ်ခင်လေးမျက်မှောင်ကျုံ့လိုက်ပြီး
" Hello ..ဖုန်းခေါ်ပြီးတော့ဘာမှလည်းပြန်မပြောဘူး..."
" Hello အခုပြောနေတာဘယ်သူလဲမသိဘူးခင်ဗျ..."
ဖုန်းဆက်သူမှသူမအားပြန်မေးနေ၍ ဒေါ်ခင်လေးစိတ်တိုသွားရသည်။
" ဟာဘယ်လိုဟာလဲဟ!... လမ်းသရဲတွေလားမသိဘူး..."
ဖုန်းချရန်ဟန်ပြင်လိုက်ခါမှ...
" Hello ကျွန်တော်နာမည်က ဒေးဗစ်ပါ...ကျွန်တော်မမခင်လေးနဲ့ပြောချင်လို့ပါဗျ...သူအနားမှာရှိရင်သူ့ကိုဖုန်းလေးပေးပေးလို့ရမလားဗျ..."
ဒေးဗစ်ဆိုသည့်စကားကြားလိုက်သည်နှင့်ဒေါ်ခင်လေးမျက်လုံးပြူးသွားရသည်။
" ဟင်... မောင်လေး... အခုပြောနေတယမမလေ... မမခင်လေးပါ..."
' ဟင်.. တကယ်ပဲမမလား... ကျွန်တော်ကကောင်မလေးတစ်ယောက်အသံမှတ်လို့...ဟဲဟဲမမကရုပ်တင်နုတာမဟုတ်ဘူးနော်အသံလေးကအစချစ်ဖို့ကောင်းနေတာ..."
အပြောကောင်းသောဒေးဗစ်စကားကြောင့်ဒေါ်ခင်လေးမျက်နှာမှာပြုံးဖြီးဖြီးဖြစ်သွားရသည်။
" ဟာ.. မောင်လေးကအရမ်းစကားတတ်တာပဲနော်...ဟီးဟီး..."
" တကယ်ပြောတာပါဗျ..."
" ဒါနဲ့မောင်လေးကမမဖုန်းနံပါတ်ကိုဘယ်ကရတာလဲဟင်..."
" ဪ...မမနဲ့စကားပြောချင်တော့ဒီလိုပဲမရမကရှာဖွေရတာပေါ့..."" ဟုတ်လား..."
ဒေါ်ခင်လေးသည် ရှက်ကိုးရှက်ကန်းဖြင့် လက်သည်းကိုက်လိုက်ပြီး
" ကဲပြောပါဦး မမကိုဖုန်းဆက်ရတဲ့အကြောင်းရင်း..."
" လွမ်းလို့..."
" ဟင်... မောင်လေးကလည်းကွာ... ဘာတွေလာပြောနေမှန်းမသိဘူး..."
" တကယ်ပြောတာမမရဲ့...ကျွန်တော်လေ...အဲ့ဒီညကမမကိုဘားမှာတွေ့ပြီးကတည်းကစွဲလမ်းသွားခဲ့တာမမရဲ့...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romantik" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."