" ပိုင်... ဟိုဘက်တိုး ဧကရီ ပိုင့်နားမှာထိုင်မယ်..."
"အင်း... လာလေဧကရီ..."
" အော့.!!."
ဧကရီသည်လက်ကိုင်ပုဝါလေးဖြင့် နှာခေါင်းပိတ်လိုက်ပြီး....
" ပိုင်... ဘာနံ့ကြီးလဲ... နံလိုက်တာ...အရက်နံ့နဲ့တူတယ်...အရက်တွေသောက်ထားတာလား..."
ပိုင်ဖြိုးကျော်သည် ခေါင်းကုတ်ကာ ပြောင်စပ်စပ်ရုပ်ဖြင့်
" ဟဲဟဲ.... ဒီနေ့လူငယ်တွေခရီးသွားမဲ့နေ့ဆိုတော့ ပျော်ရအောင်နည်းနည်းသောက်လာတာ..."
ဧကရီသည် နှုတ်ခမ်းလေးဆူလိုက်ပြီး
" ပိုင် ကလည်းဧကရီပါမှာသိရဲ့သားနဲ့ဘာလို့သောက်လာတာလဲ...ဧကရီက အရက်နံ့ဆိုနည်းနည်းမှမခံနိုင်ဘူး..."
" အဲ့တာဆို..ဧကရီအဆင်မပြေရင်တစ်ခြားသူနဲ့သွားထိုင်လိုက်ပါလား..."
" ဟင့်အင်ရတယ်...ဧကရီက ပိုင်နဲ့ပဲထိုင်ချင်တာ.. ဧကရီသည်းခံနိုင်ပါတယ်.."
" ကောင်းပါပြီဗျာ.."
ကားပေါ်တွင်သူငယ်ချင်းများသူ့အဖွဲ့နှင့်သူထိုင်ခုံပေါ်တွင်ထိုင်နေကြသည်။
" ဟဲ့ဟိုဘက်တိုးဟ... ငါ့အတွက်နေရာမရှိတော့ဘူး.."
" ဟဲ့သစ္စာ ဘာလို့ငါတို့နဲ့လာထိုင်နေတာလဲ တစ်ခုံနှစ်ယောက်ပဲလေ... ဟိုမှာကြယ်စင်သော် တစ်ယောက်တည်းထိုင်နေတယ်...သူနဲ့သွားထိုင်ပါလား.. နင်ဒီမှာထိုင်ရင်ကြပ်လိမ့်မယ်...သူနဲ့သွားထိုင်ပါလား..."
သစ္စာသည် ထိုင်ခံုပေါ်တွင်တစ်ယောက်တည်းထိုင်နေသောကြယ်စင်ကိုကြည့်လိုက်သည်။
အရပ်ရှည်သောကြောင့်အမဲရောင်ဘောင်းဘီရှည်နှင့်လိုက်ဖက်နေသောသူမ....ချပ်ပေါ်အကျီအနီရောင်အား၀တ်ဆင်ထားကာ ညို့ငင်အားကောင်းသောမျက်လုံးလေးအားအမဲရောင်ကာခြယ်များပွတ်ထားပြီး ထိုင်ခုံပေါ်တွင်ခြေထောက်ချိတ်ကာ ပီကေဝါးပြီးဖုန်းသုံးနေသောကြယ်စင်သည် bad girl နှင့်တူလှသည်။
သစ္စာသည် ကြက်သီးထသွားပြီး
" အမလေး ကမတို့ရေ....သူနဲ့ထိုင်ရမယ့်အစားနင်တို့နဲ့ထိုင်ပြီးအကြပ်ခံတော့မယ်... သူ့ရုပ်ကိုယ်ကbad girl လိုလိုနဲ့ကြောက်စရာကြီး..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."