" ကိုယ်..."
" ပြောလေ ချစ်ရဲ့..."
ကြယ်စင်သည် ဇော်မင်းရှိန်ရင်ခွင်ထဲတိုး၀င်လိုက်ရင်း
"ချစ်တို့တွဲလာတာ နှစ်နှစ်တောင်ကျော်နေပြီနော်..."
" ဟုတ်တယ်လေချစ်ရဲ့...ဘာဖြစ်လို့လဲ...."
ကြယ်စင်တစ်ယောက်ဇော်မင်းရှိန်အား ပြုံးပြလိုက်ပြီး
" ချစ်တို့လက်ထပ်ရမယ့်အချိန်ရောက်ပြီထင်တယ်..."
" ဟင်..ဘယ်လို..."
ကြယ်စင့်စကားကြောင့် ဇော်မင်းရှိန်မျက်မှောင်ကျုံ့မိသွားသည်။
" လက်...လက်ထပ်မယ်ဟုတ်လား..."
ဇော်မင်းရှိန်၏တုန်လှုပ်နေသောမျက်နှာထားကြောင့် ကြယ်စင် စိတ်ရူပ်သွားသည်။
" ကိုယ်!!...မျက်နှာကဘာဖြစ်တာလဲ...ချစ်ကလက်ထပ်ကြရအောင်လေလို့ပဲပြောတာလေ...အရင်တုန်းကကိုယ့်ဘက်ကပဲလက်ထပ်မယ်ဆိုတဲ့စကားကိုစပြောခဲ့လေ....အခုချစ် ဘက်ကလက်ခံပြီးလက်ထပ်ကြရအောင်ပြောတော့မျက်နှာကဘာဖြစ်တာလဲ..."
" ဪ...ဟိုဟို...စောလွန်းမနေဖူးလားလို့ပါ..."
" မစောပါဖူး ကိုယ်ရဲ့...ချစ်တို့ရည်းစားသက်တမ်းနှစ်နှစ်အတွင်းမှာလည်းတစ်ခါမှ ရန်မဖြစ်ဖူးဘူးလေ...တစ်ယောက်ကိုတစ်ယောက်ကြင်ကြင်နာနာရှိတာပဲကို..."
ကြယ်စင်သည် ဇော်မင်းရှိန်လက်ကိုကိုင်လိုက်ရင်း
" ချစ်ကလေ...ကိုယ့်ကိုချစ်ရဲ့ မိသားစုနဲ့တွေ့ပေးချင်နေပြီ..."
" မိသားစုနဲ့တွေ့ပေးမယ်...ဟုတ်လား...
ကိုယ်အဆင်သင့်မဖြစ်သေးဖူး...ချစ်ရယ်..."" ဪ...အဖေကသဘောကောင်းပါတယ်လို့...ဟိုမိထွေးကစိတ်ထဲတောင်မရှိဖူးသူ့ကို..."
ဇောချွေးများပြန်လာသောဇော်မင်းရှိန်....
" ကိုယ်အဆင်သင့်မဖြစ်သေးဖူးကွယ်...
ကိုယ်သူတို့နဲ့မတွေ့ချင်သေးဖူး...ချစ်ရယ်...အခုမှပြဿနာတွေကဖြေရှင်းပြီးတာမလား...ခဏလောက်တည်ငြိမ်အောင်စောင့်ကြမယ်လေ..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romantik" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."