" Hello....ပူးလေး...ကိုကို၀င်လာပြီနော်..."
အခန်းတံခါးစေ့ထား၍ တံခါးမခေါက်ဘဲ၀င်လာသောပိုင်ဖြိုးကျော်....
အခန်းထဲတွင်တစ်စုံတစ်ယောက်မှရှိမနေခဲ့...
ကြမ်းပြင်နှင့်ကုတင်ပေါ်တွင်ပြန့်ကျဲနေသောနှင်းဆီဖက်များ.....ကုတင်ပေါ်တွင်ဝိုင်ခွက်နှစ်ခွက်ကိုပြင်ဆင်ထားကာ
အမွှေးဖယောင်းတိုင်ကိုထွန်းထားလေသည်။" ကိုကို...."
" ပိုင်ဖြိုးကျော်၏နောက်ဘက်မှပြေးဖက်လာသောပိုပိုစံ....
" ဟာ...ပူးလေး....ကိုကိုက ပူးလေးကိုရှာနေတာ....ဒီအပြင်အဆင်တွေကဘာအတွက်လဲဟင်..."
ပိုပိုစံသည် ပြုံးလိုက်ကာ
" ကိုကိုကလည်း....ဒါပူးလေးနဲ့ကိုကိုတို့ရဲ့အချစ်ညလေးအတွက်လေး..."
" ဟင်..တကယ်လား...၀မ်းသာလိုက်တာပူးလေးရယ်...."
အခန်းနံပါတ်(၅၆)ဆီသို့ဦးတည်ကာ လျောက်လာနေသောဧကရီနှင့်ကြယ်စင်....
ဧကရီသည်အခန်းတံခါးဖွင့်မည်ကြံသော် အခန်းထဲမှအသံတစ်ချို့ကြား၍ ရပ်နားထောင်နေလိုက်သည်။
ပိုပိုစံအပေါ်အုပ်မိုးကာ အကျီကြယ်သီးများကိုတစ်လုံးချင်းဖြုတ်နေသောပိုင်ဖြိုးကျော်....
မာယာများသောပိုပိုစံသည်တံခါး၀တွင်ရပ်နေသောအရိပ်ပုံသဏ္ဍာန်နှစ်ခုကိုကြည့်ရင်းပြုံးလိုက်လေသည်။ထို့နောက် သူမကြယ်သီးများကိုဖြုတ်နေသောပိုင်ဖြိုးကျော်၏လက်များအားကိုင်ကာတားလိုက်ပြီး.....
" နေပါဦးကိုကိုရဲ့...အလောတကြီးမလုပ်ပါနဲ့....ကိုကို ပူးလေးမေးတဲ့မေးခွန်းအချို့ကိုဖြေနိုင်မှရမယ်နော်..."
" ဘာမေးခွန်းလဲပူးလေးရဲ့....ဘာမေးခွန်းပဲဖြစ်ဖြစ်ကိုကိုဖြေနိုင်ပါတယ်...."
ကောက်ကျစ်သောအပြုံးဖြင့်ပြုံးလိုက်သောပိုပိုစံ....
" ကိုကို ပူးကိုချစ်လား...."
တံခါးအပြင်မှအတိုင်းသားကြားနေရသောဧကရီသည် ပိုင်ဖြိုးကျော်ဖြေမည့်အဖြေကိုစိတ်လှုပ်ရှားစွာ နားစွင့်နေခဲ့သည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."