အဟွတ်!! အဟွတ်!!
"အကိုရယ် ချောင်းတွေအရမ်းဆိုးနေတာပဲ...ထိုင်ပါဦး ဆိုဖာပေါ်အေးဆေးထိုင်နေပါဦးရှင်..."ဒေါ်ခင်လေးတစ်ယောက်ချောင်းတွေအသည်းအသန်ဆိုးနေသော ဦးမင်းသူအားတွဲရင်းပြောလိုက်ခြင်းဖြစ်သည်။
ဦးမင်းသူဆိုဖာပေါ်မှီရင်း နွမ်းလျှသောအသံဖြင့်...
" ငါဆေးခန်းပြမှဖြစ်မယ်...သမီးလေးကြယ်စင်ကိုဖုန်းဆက်ပေးစမ်း..."ဆေးခန်းဆိုသည်အသံကြားရုံဖြင့်ဒေါ်ခင်လေးမျက်မှောင်ကျုံ့သွားကာ
" ဟာအကိုကလည်းဆေးခန်းပြဖို့မလိုပါဘူး...ဒီတိုင်းအိမ်မှာအေးဆေးနားရုံနဲ့ပျောက်ပါတယ်..."
ဦးမင်းသူသည် သူ့လက်အားအတင်းဖက်ထားသောဒေါ်ခင်လေးလက်အားစိတ်ရူပ်စွာဖယ်လိုက်ရင်း...
" တော်တော့ခင်လေးရာ...ငါ့ကျန်းမာရေးအခြေအနေကိုငါသိတယ်...အိမ်မှာနားနေရုံနဲ့မရတော့ဘူး...ငါ့ကိုဆေးရုံသာခေါ်သွားစမ်းပါ..."" မခေါ်သွားနိုင်ဘူး..."
" ဟမ်!!!"
ဒေါ်ခင်လေးစကားကြောင့် ဦးမင်းသူအံ့ဩမိသွားသည်။
"ဘာ...ဘယ်လို...ဘာကြောင့်လဲ..."
" ပြောပြီးသားလေးမခေါ်သွားနိုင်ဖူးလို့...ရှင်ဘယ်မှမသွားရဘူး...ဒီအိမ်မှာပဲနေရမယ်..."
"ဒေါ်ခင်လေး..မင်းဘာဖြစ်နေဝာာလဲ...""ကြားတဲ့အတိုင်းပဲလေ...ဆေးရုံးကိုလိုက်မပို့နိုင်ဘူး.."
ဦးမင်းသူသည်ခင်လေးအားစိတ်ပျက်စွာကြည့်လိုက်ပြီး
" ရတယ်လေ...မင်းလိုက်မပို့ချင်လည်းနေ
ငါ့သမီးကိုဖုန်းဆက်ပြီးလိုက်ပို့ခိုင်းမယ်..."
ဦးမင်းသူထိုင်ခုံမှထရန်ပြင်လိုက်သည်နှင့်နောက်သို့တွန်းလှဲခြင်းကိုခံလိုက်ရသည်။
"တော်စမ်းအဖိုးကြီး...ရှင့်သမီးကိုအခုမှတမနေနဲ့...ရှိနေတုန်းကတော့နှင်ထုတ်ပြီး..."ခင်လေးသည် ဦးမင်းသူအားအပေါ်မှဖိထားကာ အိတ်ထဲအမြဲဆောင်ထားသောဆေးမှုန့်အားပါးစပ်ထဲထိုးထည့်လိုက်လေသည်။
အားအင်ချိနဲ့နေသောဦးမင်းသူတစ်ယောက် ပြန်လည်ရုန်းကန်နိုင်စွမ်းမရှိခဲ့ပေ...
" ဟင့်!! ခင်!! ခင်လေး...မင်း!!"
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romantizm" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."