မနက်မိုးပင်မလင်းသေး မီးဖိုချောင်ထဲ ချက်ပြုတ်ပြင်ဆင်နေသော ကြယ်စင်သော်....
ဆံပင်ကိုစကုတ်ဖြင့် ကုတ်ထားသောလည်း နဖူးပေါ်မှဆံစများမှာ အောက်သို့ဖရိုဖရဲကျနေလေသည်။
ထောင်၀င်စာအတွက်ချက်ပြုတ်ပြင်ဆင်နေရ၍ ကြယ်စင် မောပန်းနွမ်းနယ်လျှက်ရှိသည်။
စေသနာဒလဟောဖြင့်ချက်ပြုတ်ပြင်ဆင်တာမို့ ချက်ရင်းခြောက်ဆင့်ချိုင့်ဖြင့် ဖြစ်သွားခဲ့သည်။
ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ်၀တ်ဆင်ကာ သူမ၏ မြတ်နိုးရာလေးဆီသို့သွားရန်ဟန်ပြင်လိုက်တော့သည်။
$$$$$$$$$$$$$$$$
" ရိုစီ ထောင်၀င်စာလာတွေ့တယ်..."ကြယ်စင်သည် သူမကိုမြင်မြင်ချင်းပြေးဖက်လိုက်သည်။
ပါးလေးကိုကိုင်ကာ ရိုစီကိုသေချာကြည့်လိုက်တော့ အိပ်ရေးပျက်လို့ချောင်ကျနေသည့်မျက်၀န်းညိုညိုလေးက သူမကိုစိတ်မကောင်းဖြစ်စေသည်။
"နှစ်ရက်ပဲရှိသေးတာကို နင်တော်တော်ပိန်ကျသွားတာပဲရိုစီရယ်... "
ကြယ်စင်ပြောရင်းအသံများပါတုန်လာကာ
မျက်၀န်းမှမျက်ရည်များပြည့်လာလေသည်။
ရိုစီ အလန့်တကြား ကြယ်စင့်မျက်၀န်းမှ မျက်ရည်စများကိုသုတ်ပေးလိုက်ပြီး...
"အို...မငိုရဘူးလေကောင်မလေးရယ်...ငါမကြာခင်ပြန်လွတ်မှာပါနော်..."
"ဟင့်!! တောင်းပန်ပါတယ်ရိုစီရယ်...အားလုံးငါ့အမှားတွေပါ...ငါ့ကြောင့်နဲ့ငါ့ကိုကာကွယ်ရင်းနင်အခုလိုဒုက္ခရောက်ရတာ ..."
"ဟာ...အဲ့လိုမတွေးပါနဲ့ကောင်မလေးရယ်...တစ်မျိုးကောင်းတာကဘာလဲသိလား..."
"ဟင်!! ဘာလဲဟင်.."
ကြယ်စင်သည်ကြောင်အအ မျက်နှာလေးဖြင့်သူမကိုကြည့်လိုက်သောကြောင့် ပြုံးမိသည်။
"သူတို့ကြောင့်လေ မင်းလေးငါ့ကိုပြန်လက်ခံတာ...နို့မို့ဆိုငါကမင်းအတွက်ဗီလိန်ဖြစ်နေခဲ့တာမဟုတ်လား..."
"ဟာ..နင်ကလည်း..!!"
ကြယ်စင် ရိုစီ့ရင်ဘတ်လေးမနာအောင်ထုလိုက်ပြီး...
"အယ်..အဲ့လိုမဟုတ်ပါဘူး...အဲ့နေ့ကငါဆေးရုံမှာစိတ်တွေအရမ်းရူပ်ပြီးနင့်ကိုစိတ်ထွက်ပေါက်အနေနဲ့သုံးလိုက်တာ...ငါကသာတောင်းပန်ရမှာပါနင့်ကိုနာကျင်စေမိလို့..."
"ဟော...ငါကလည်းအဲ့တုန်းက သီဟကနင့်နာမည်ကိုအသုံးချပြီး ငါ့ကိုတရားစွဲတာကို နင်လုပ်တာလို့ထင်ပြီး ငါလည်းစိတ်တွေဆိုးနေခဲ့တာ....ငါအဲ့တုန်းကသေချာစဉ်းစားခဲ့ရမှာပဲ..."
"ဟီးး"
"အခုတစ်ယောက်နဲ့တစ်ယောက်အမြင်ကြည်သွားပြီးမဟုတ်လား.."
ရိုစီ မှကြယ်စင့်ကိုပြောလိုက်ခြင်းဖြစ်သည်။
"ဟင်းး"
"ဘာတွေသက်ပြင်းချနေတာလဲကြယ်စင်ရဲ့ နင့်ကိုငါအာမခံနဲ့လွတ်အောင်လုပ်ပေးမယ်...နင်ဒီကနေမလွတ်မချင်းငါစိတ်အေးနိုင်မှာမဟုတ်ဘူး..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."