"ဧကရီ..."
" ဧကရီ...."
ရုံးခန်းထဲသို့အလောတကြီးပြေး၀င်လာသောသစ္စာ....
ထိုင်ခုံပေါ်တွင်အေးဆေးဝိုင်သောက်နေသောရိုစီ...
" ဧကရီ..."
တင်းမာသွားသောရိုစီ့မျက်နှာ....
" နင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ်သစ္စာ...."
သစ္စာလည်းသူမပါးစပ်ကိုသူမအလန့်တကြားပိတ်လိုက်ကာ
" ငါ... ငါမရည်ရွယ်..."
" ငါ့နာမည်ကဘာလဲပြန်ပြောစမ်း..."
" ရိုစီပါ..."
ရိုစီသည် သက်ပြင်းချလိုက်ပြီး
" သစ္စာ.. နင်ကငါ့အချစ်ဆုံးသူငယ်ချင်းပဲ...ငါနင့်ကိုစိတ်မတိုချင်ဘူးဟာ...အဲ့ဧကရီဆိုတဲ့ငါ့နာမည်ရင်းကိုသုံးလိုက်ရင် ငါတို့ရန်သူတွေကငါ့နောက်ကြောင်းကိုအောက်ဖဲလှန်လိမ့်မယ်...."
" အေးပါရိုစီရယ်... ငါအလောတကြီးမို့နင့်နာမည်ကိုမေ့ပြီးခေါ်မိလိုက်တာပါ ..."
" ဘာဖြစ်လို့နင့်ပုံစံကအလောတကြီးဖြစ်နေရတာလဲ..."
သစ္စာသည် စူးစမ်းလိုသောမျက်နှာဖြင့် ရိုစီ့နားတိုးကပ်သွားလိုက်ပြီး
" ငါ၀န်ထမ်းတွေဆီကသတင်းတစ်ခုကြားလာတာရှိတယ်...နင်၀န်ထမ်းအသစ်ထပ်ခန့်လိုက်တယ်ဆို..."
ရိုစီမျက်နှာအနည်းငယ်ပျက်သွားသည်။သို့သော်ဟန်မပျက်ပုံစံပြန်နေလိုက်ပြီး
" အေးလေ.... ငါ့တို့ဆိုင်မှာ၀န်ထမ်းအင်အားမလောက်လို့အသစ်ထပ်ခေါ်လိုက်တာလေအဲ့တာဘာဖြစ်လို့..."
" ဘုန်း!!!"
ရိုစီရှိရာစားပွဲခုံပေါ်သို့ လက်ဖြင့်ကြမ်းတမ်းစွာရိုက်ချလိုက်သော သစ္စာ...
" ဟ!!"
" အဲ့တာဘာဖြစ်ရမှာလဲဟ...ငါဒီနေ့မနက်ပဲ ဟိုကောင်မကြယ်စင်ကိုဆိုင်မှာတွေ့ခဲ့တယ်...နင်အလုပ်ခန့်လိုက်တယ်ဆိုတာသူမဟုတ်လား....ငါထင်တာမမှားရင်နင့်သူ့မိထွေးအကြွေးတွေကြောင့် သူ့ကိုအလုပ်ခိုင်းထားတာမဟုတ်လား...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."