Part(22)မုန်းသည်...သို့သော်...❤️🔥
အခန်းငယ်လေးတွင် တစ်ယောက်တည်းအဖော်ကင်းမဲ့စွာ ထိုင်နေသောကြယ်စင်....
သူမဘေးနားတွင်စားလက်စ ဟမ်ဘာတစ်လုံး....
ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်သည်။
" လေးနာရီခွဲ..."
မနက်ကနေညနေအထိသူမ စားရသည့်တစ်ခုတည်းသော အစားအစာက ဟမ်ဘာဂါတစ်လုံးသာ....
" ❤️ကိုယ်❤️"
ဖုန်းနံပါတ်လေးကိုနှိပ်ကာ နားနားကပ်၍ ပြုံးနေသောသူမ...
" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့်..."
" ဟင်... "
" လူကြီးမင်း..."
" ဟာ..."
အပြုံးလေးပျောက်ကွယ်သွားခဲ့သည်။
" ကိုယ် ကဘာလုပ်နေလို့မအားရတာလဲ...အလုပ်တွေများနေလို့နေမှာပါ..."
" ဟူး..."
ဖုန်းကိုဗိုက်ပေါ်တင်လိုက်ပြီး သက်ပြင်းချလိုက်သည့်ကြယ်စင်...
" သွားပြီ.. ငါ့ဘ၀ကြီးသွားပြီ...ငါအခုဘာဆက်လုပ်ရတော့မှာလဲ...အရာရာကိုလေ.. ငါ့ဘ၀မှာလိုလေသေးမရှိအောင်ရရှိခဲ့တာ...အခုတော့ တစ်နေ့လုံးမှဟမ်ဘာဂါတစ်လုံးတဲ့လား...."
" ဒေါက်!! ဒေါက်!!"
" မိန်းကလေးကြယ်စင်..."
အခန်းပြင်ဘက်မှ တံခါးခေါက်သံကြောင့် ကြယ်စင့်အတွေးများပြက်ပျယ်ကုန်သည်။
" မိန်းကလေးကြယ်စင်...."
" ရှင်ဟုတ်ကဲ့...လာပါပြီရှင့်..."
ကြယ်စင်သည် အပြေးအလွှား အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
အခန်း၀တွင်စောင့်နေသော စားပွဲထိုးမလေး...
" ဟုတ်ဘာကိစ္စများရှိလို့လဲမသိဘူး...."
" ထမင်းစားပြီးရင် အလုပ်လုပ်ဖို့လာခေါ်တာပါ...ရော့ဒီအ၀တ်အစားတွေကို၀တ်လိုက်...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romantizm" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."