တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်လာပြီဆိုရင်....တစ်ယောက်ကိုတစ်ယောက် အခြားသူတွေထက်ပိုပြီး ယုံကြတယ်....ကြားလူတွေဘယ်လို၀င်ဖျက်ဖျက်မပြတ်ကြဘူးပေါ့....အဲ့လိုအစွန်းရောက်ယုံကြည်ခြင်းက လည်း ကိုယ့်ချစ်ခြင်းကိုအလွဲသုံးစားလုပ်တဲ့သူနဲ့တွေ့ရင်အလကားဖြစ်သွားတတ်တယ်....
ချစ်သူဖြစ်စမှာအရာအားလုံးကပျော်စရာအတိ.....
ထိုအထဲမှာ ကြယ်စင်နှင့်ဧကရီတို့ပါခဲ့သည်။
ကျောင်းသွားလည်းတူတူ...ထမင်းစားခန်းတူတူ...ဘယ်သွားသွားဘာလုပ်လုပ်အတူတူဖြစ်ခဲ့သည်။
ကျောင်းရှေ့တွင်ရပ်ထားသောကားတစ်စီး....ချစ်သူတွေလွတ်လွတ်လပ်လပ်နေလို့ရအောင်...ဒါရိုက်ဘာခေါ်မလာခဲ့.....
ကြယ်စင်သည် ဧကရီအားရင်ခွင်ထဲဖက်ထားခဲ့သည်။
" ဧကရီ...."
" ဟင်... ချစ်လားလို့..."
ရှက်ကိုးရှက်ကန်းမျက်နှာလေးဖြင့်
"အင်း...."
" ဟာ... မကြားရဘူးကွာ... ကျယ်ကျယ်ပြော..."
ဧကရီသည် ကြယ်စင့် ရင်ဘတ်လေးကိုမနာအောင် ခပ်ဖြည်းဖြည်းလေးထုလိုက်ပြီး....
" ကြည့်... တမင်ပြောတာမလား... ကြားရဲ့သားနဲ့...."
" သိရဲ့သားနဲ့....."
ကြယ်စင်သည် ဧကရီနှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။
လူကောင်သေးသည့်ဧကရီလေးတော့ ကြယ်စင့်ရင်ခွင်ထဲမှာမျက်လုံးလေးကာ ကာငြိမ်နေခဲ့သည်။" ငါလေ... နင့်ကိုနမ်းရတာမ၀ဘူးကွာ....တွေ့တိုင်းနမ်းမှာနော် ...ကားပေါ်မှာကော...စာသင်ခန်းထဲမှာကော...."
ဧကရီ့မျက်နှာလေးသည် စိတ်အနှောင့်အယှက်ဖြစ်စွာ နှာခေါင်းရူံ့လိုက်သည်။
ကြယ်စင်သည် သတိထားမိသွားပြီး
" ဘာလို့အဲ့လိုမျက်နှာဖြစ်သွားရတာလဲ...."
ဧကရီသည် ကြယ်စင့်လက်လေးအားကိုင်လိုက်ကာ
" ငါတို့ချစ်တာက... ချစ်တာပေါ့ဟာ...ဒါပေမဲ့...ငါတို့ကသာမန်စုံတွဲမှမဟုတ်တာ...ငါ...ငါတို့ကမိန်းကလေးချင်းကြိုက်ကြတာလေ....သာမန်စုံတွဲတွေက public မှာစိတ်ကြိုက်တွဲလို့ရပေမဲ့...ငါတို့ကအဲ့လိုလုပ်လို့မရဘူး....ပြီးတော့ငါကဒီကျောင်းရဲ့အကျော်ကြားဆုံးနဲ့ popular အဖြစ်ဆုံးသူဆိုတာနင်လည်းသိတာပဲ... ငါသာအဲ့စလို မိန်းကလေးချင်းကြိုက်တဲ့သူမှန်းသူများတွေ သိသွားရင်....ငါ..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."