" သစ္စာ....နင့်ပစ္စည်းတွေနဲ့ပဲအခန်းတစ်ခန်းပြည့်နေပြီ..."
အထုတ်အများကြီးယူလာသောသစ္စာအားစိတ်ဆိုးပြီးနှုတ်ခမ်းလေးဆူကာပြောနေသောဧကရီ....." အေးပါဧကရီရယ်.... ငါ့ဟာကနည်းနည်းလေးပါ...."
ဧကရီသည် တံခါး၀တွင် ရပ်နေသောပိုင်ဖြိုးကျော်အား ကြည့်လိုက်ပြီး
" ပိုင်..... အဲ့မှာဘာလုပ်နေတာလဲလာလေ..."
" လာပါပြီဗျာ...."
" ခုနကကောင်မကဘယ်သူလဲပြောပြလေ...."
ကြယ်စင်လည်းစိတ်၀င်စားသွားပြီး ဧကရီ့နား၀င်ထိုင်လိုက်ကာ
" ဟုတ်တယ်ဖြိုး.... အဲ့ဒီသူတွေကဘယ်သူတွေလဲ.... ဖြိုးကိုသိတဲ့ပုံစံပဲ..."
" ငါက အရင်တုန်းကပြင်ဦးလွှင်ကျောင်းမှာတတ်ခဲ့ဖူးတယ်လေ....သူတို့နဲ့အဲ့မှာခင်လာတာ....အခုကျောင်းပြောင်းလာတော့သူတို့နဲ့ကွဲသွားတာပေါ့....ခုနကဆံပင်အနီရောင်နဲ့ကောင်မလေးက ငါ့ရဲ့အဆက်ဟောင်းပါ..."
ဧကရီသည် အံ့ဩသွားပြီး
" ဘာ... ပိုင့်မှာရည်းစားရှိဖူးတယ်ပေါ့..."
" ဟုတ်တယ်.... သူ့နာမည်က ပိုပိုစံတဲ့.... ဒါပေမဲ့သူ့ကိုယ်သူ ပူး လို့ခေါ်တယ်....သူ့တို့မိသားစုကပြင်ဦးလွင်မှာ စက်ရုံတွေအများကြီးပိုင်တယ်လေ...ချမ်းသာတာပေါ့...."
ဧကရီသည်နှုတ်ခေါင်းရူံ့လိုက်ပြီး
" ဟင်း...အဲ့တာကြောင့်မာန်တတ်နေတာ...သူ့ကိုသူ ပူးတဲ့....အသံကလည်းရုံးပတီသီးကျနေတာပဲ ချွဲပြစ်နေလိုက်တာ...."
စိတ်တိုစွာ သူများအား ပြောနေသောဧကရီ...စိတ်အလိုမကျလျှင်နှုတ်ခမ်းလေးမှာ နှင်းဆီဖူးကဲ့သို့ စူစူလေးဖြစ်လာလေသည်။
ထိုနှုတ်ခမ်းလေးကို အသေအချာစိုက်ကြည့်နေသူမှာ ကြယ်စင်ဖြစ်သည်။ဧကရီ၏ကလေးဆန်သော အမူအရာကို သူမ မသိစိတ်မှကြိတ်သဘောကျနေခဲ့သည်။
ဧကရီသည် ကြယ်စင့်ဘက်လှည့်ကြည့်လိုက်ပြီး
" ကြယ်စင် နင်လည်းသူ့ကိုမကျေနပ်ဘူးမလား..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
عاطفية" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."