Part(4)မုန်းသည်...သို့သော်...❤️‍🔥

34 1 1
                                    

    "ဝုန်း..."

    အဆောင်တံခါးကို ဆောင့်ကန်လိုက်သောအသံ ....

     ကြယ်စင်သည် တံခါးကိုခြေထောက်ဖြင့်ကန်၍ဖွင့်လိုက်ကာ သူမလွယ်အိတ်အား အခန်းနံရံဆီပစ်ပေါက်လိုက်ပြီး
အိပ်ယာတွင်၀င်ကွေးနေလိုက်သည်။

    လက်ချောင်းလေးတွေသည်တုန်တုန်ရီရီဖြင့် ခေါင်းကိုကိုင်ကြည့်လိုက်ရင်း..
   " ငါ့... ငါ့ဆံပင်တွေ...ငါအမြတ်တနိုးထားခဲ့ရတဲ့ဆံပင်တွေ...."

        ကြယ်စင်သည်အိပ်ယာမှထလိုက်ကာမှန်တင်ခုံဆီသွား၍ သူမကိုယ်သူမမှန်ထဲကြည့်လိုက်လေသည်။

      မသေမသပ်ဖြတ်ထားသောကြောင့်
ရှည်တဲ့နေရာကရှည်...တိုတဲ့နေရာကတိုနေသောဆံပင်များ....

         ပါးပြင်ထက်စီးကျလာသောမျက်ရည်စများ.....

       လူအများရှေ့ငိုလျှင်အားနည်းသူလို့အမြင်မခံစေချင်သဖြင့် စိတ်တင်းသမျှအခုတစ်ယောက်တည်းရှိချိန်တွင် စိတ်ကိုလွှတ်ချလိုက်၍ မျက်ရည်များအဆက်မပြတ်စီးကျလာခဲ့သည်။

         ကြယ်စင်သည် မှန်ရှေ့တွင်ခေါင်းဖီးရင်း

   " အမေ.... အမေကိုယ်တိုင်သမီးကို နေ့တိုင်းအမြတ်တနိုးဖီးပေးခဲ့တဲ့ဆံပင်တွေ... အခုတော့... အခုတော့မရှိတော့ဘူးမေမေ...."

       ကြယ်စင်သည် အောက်နှုတ်ခမ်းသားလေးကို သွားချွန်ချွန်လေးဖြင့် ဖိကိုက်လိုက်ပြီး စီးကျလာသောမျက်ရည်စများက်ုသုတ်လိုက်ကာ

      " တောက်..!!"

      "ဧ..က..ရီ...!!...နင်ကငါ့ကဒေါသကိုလာဆွနေတာပဲ....တကယ်အနိုင့်ကျင့်တာဆိုတာဘာလဲဆိုတာ နင့်ကိုပြရသေးတာပေါ့...."

     ကြယ်စင်၏ ရည်ရွယ်ချက်ပါပါပြုံးလိုက်သောအပြုံးသည် မှန်ပေါ်တွင်ပုံရိပ်ထင်နေခဲ့သည်။

                 $$$$$$$$$$$$$$

        "ဟင်း....ဒီနေ့တစ်နေ့လုံးစိတ်ဆင်းရဲစရာတွေကြီးပဲ....."

    ကျောင်းမှပြန်လာလာချင်းအခန်းထဲမ၀င်သေးဘဲ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေသော ဧကရီ.....

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now