"Doctor အဖေ့အခြေအနေကဘယ်လိုလဲဟင်..."
" လူနာကကိုယ်ခံအားကျဆင်းတဲ့ရောဂါကိုခံစားနေရတယ်....ပြီးတော့အသက်ရူရတာလည်တော်တော်အခက်အခဲရှိနေပုံပဲ...ကျွန်တော်တို့ ရောဂါအသေးစိတ်ကိုတော့သွေးစစ်ကြည့်မှပဲသိရမယ်...လောလောဆယ်လူနာကိုအနားယူခိုင်းသင့်တယ်..."
" ဟုတ်ကဲ့ပါ Doctor နောက်လိုအပ်တာလေးတွေကိုလည်းညွှန်ပြပေးပါဦးနော်...."
" ဟုတ်ကဲ့ပါ...အဲ့တာဆိုကျွန်တော့်ကို သွားခွင့်ပြုပါဦးနော်..."
" ဟုတ်ကဲ့ပါ..."
ဆရာ၀န်အခန်းထဲမှထွက်သွားသည်နှင့် ခင်ခင်လေးသည် ကုတင်ပေါ်တွင်လှဲနေသောဦးမင်းသူလက်အားအတင်းဆွဲထူပြီး...
" လာအကို..အိမ်ပြန်ကြရအောင်..."
" ဟင်.."
ကြယ်စင်သည် ဒေါ်ခင်လေးလက်အားဆွဲဖြည်လိုက်ပြီး...
" ရှင်ဘာဖြစ်နေတာလဲဒေါ်ခင်ခင်လေး....ဘာလို့ကျွန်မအဖေကိုဆေးရုံမတတ်စေချင်ရတာလဲ...."
" ဟယ်မဟုတ်ပါဘူး သမီးရယ်...အန်တီက အကို့ကို အိမ်မှာလွတ်လွတ်လပ်လပ်နေစေချင်တာပါ...ဆေးရုံမှာဆိုအကို စိတ်ကျဉ်းကြပ်မှာဆိုးလို့ပါ..."
" အပိုတွေမလုပ်စမ်းပါနဲ့ဒေါ်ခင်ခင်လေး...ဒါကလိုအပ်လို့ဆေးရုံတတ်ရတာ...သာမန်ဖျားတာမဟုတ်ဖူး...ပြီးတော့ သွေးအန်တဲ့အထိဖြစ်ရအောင်ရှင်ကကျွန်မအဖေကိုဘယ်လိုတွေပစ်ထားလို့လဲ..."
ကြယ်စင်သည်ဒေါ်ခင်လေးအား သရော်သလိုမျက်စောင်းထိုးပြလိုက်ပြီး
" အဟင်းးး...ရှင်ကတစ်နေ့တစ်နေ့ဖဲဝိုင်းနဲ့ယောကျာ်းတကာနဲ့ပတ်ရူပ်နေေတာ့ရှင်မှအချိန်မှမရှိပဲ...."
" တော်တော့ကြယ်စင်သော်!!!"
ဦးမင်းသူမှ၀င်ပြောလိုက်ခြင်းဖြစ်သည်။
" ဟင်..အဖေသမီးကိုအော်တယ်..."
" ဟုတ်တယ်...ဒီမှာကြယ်စင်သော်...နင်အခုလိုအော်ဟစ်နေတဲ့ခင်လေးဟာ နင်ငါ့အနားမှာမရှိပဲအလေလိုက်နေတဲ့အချိန်မှာ
ငါ့ဘေးမှာအမြဲပြုစုပေးနေခဲ့တာ...အဖော်လုပ်ပေးနေခဲ့တာသိရဲ့လား...
ငါကျန်းမာရေးမကောင်းတော့ သူကစေသနာနဲ့စိတ်ရူပ်မှာစိုးလို့ အိမ်ကိုပြန်ခေါ်သွားစေချင်တာ...နင့်လိုသမီးမိုက်က အဖေကိုတစ်ခါတောင်ဂရုစိုက်ဖူးရဲ့လား...အိမ်ကိုတောင်ပြန်မလာပဲနဲ့....ခုမှလာပြီးဂရုစိုက်ပြမနေနဲ့..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."