"ဧကရီ....ထမင်းစားချိန်ရောက်ပြီလေ....ဆိုင်မသွားဘဲနဲ့ဘာထိုင်လုပ်နေတာလဲ..."
စာရေးစားပွဲပေါ်တွင်ငူငူငိုင်ငိုင်ဖြင့်ထိုင်နေသော ဧကရီအား ကြယ်စင်မှမေးလိုက်ခြင်းဖြစ်သည်။
" ဪ...ဟို...ဟို....."
ဂနာမငြိမ်သောမျက်လုံးများဖြင့် အခြားကျောင်းသူများအားကြည့်နေသော ဧကရီ...လွယ်အိတ်ထဲမှတစ်စုံတစ်ခုကို ထုတ်ရန် မဝံမရဲဖြစ်နေခဲ့သည်။
" ဧကရီ...နင့်လွယ်အိတ်ထဲကဘာလဲ..."
လက်ကိုအိတ်ထဲဖိသိပ်လိုက်ကာ ငိုမဲ့မဲ့ဖြစ်နေသောဧကရီ့မျက်နှာလေး....
" ဘာ...ဘာမှမဟုတ်ပါဘူးလို့..."
ကြယ်စင် ကြာတော့စိတ်မရှည်ဖြစ်လာခဲ့သည်။
ဧကရီ့လက်ကိုအတင်းဆွဲထုတ်ကာ လွယ်အိတ်ကိုလုယူလိုက်သည်။
" ကြယ်စင်... နင်... နင်ဘာလုပ်တာလဲ...ငါ့အိတ်ပြန်ပေးလေ...."
"ဟင်!!."
အိတ်ထဲမှထွက်လာသည်ကထမင်းဘူးလေးတစ်ခု...
ကြယ်စင်သည် သက်ပြင်းချလိုက်ပြီး ဧကရီ့ကိုကြည့်လိုက်ကာ
" ဒါလား...လူတွေမမြင်အောင်နင်အတင်းဖွတ်ထားတဲ့ဟာက...."
" ဟုတ်...ဟုတ်တယ်ကြယ်စင်..."
" ထမင်းဘူးလေးတစ်ခုကိုဘာကြောင့်များအသည့်အသန်တွေဖွက်နေရတာလဲ..."
" ဘာလို့လဲဆိုတော့...ငါက..ငါက..မုန့်ဖို့းအဖြတ်ခံထားခံရတဲ့သူမှန်းသူများတွေမသိစေချင်ဘူး...ငါ့မှာပိုက်ဆံပြတ်နေတယ်...အဲ့တာကြောင့်ငါ့မှာဆိုင်တောင်သွားမထိုင်နိုင်တော့ဘူး...""
" ဟီးဟီး...ဟာသပဲ..."
ကြယ်စင်၏ပေါ့ပျက်ပျက်စကားကြောင့်
ဧကရီ အနည်းငယ်ဒေါသထွက်သွားရသည်။" ကြယ်စင်...နင်ငါ့ကိုလှောင်တာလား....ငါမုန့်ဖိုးအဖြတ်ခံရတာလဲ နင့်အကြံကြောင့်နော်....အခုငါ့မှာဆိုင်၀ယ်စားဖို့ပိုက်ဆံတောင်မရှိတော့ဘူး...."
ကြယ်စင်သည် စားပွဲခုံပေါ်လက်ထောက်ကာ ဧကရီ့အားခပ်မဲ့မဲ့ပြုံးပြလိုက်ပြီး
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romantizm" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."