" လာမမ... ကျွန်တော်မမကိုမျော်နေတာ...."
ဒေါ်ခင်လေး စားသောက်ဆိုင်ထဲသို့၀င်လိုက်သည်နှင့် ဒေးဗစ်သည်လက်ပြကာလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ဒေါ်ခင်လေးသည် ဒေးဗစ်ကိုမြင်သည်နှင့်သွား ၃၆ချောင်းလုံးပေါ်လုနီးပါးရီပြလိုက်ရင်းထိုင်ခုံပေါ်တွင်၀င်ထိုင်လိုက်သည်။
" ကဲ မင်းမမကိုတွေ့ချင်တယ်ဆိုပြီးမရမကခေါ်နေလို့ မမလာခဲ့တာနော်..."" ဟုတ်ကဲ့ပါမမရယ်... မမအခုလိုကျွန်တော်ခေါ်တာကိုလာပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာ..."
ခင်လေးသည် စားပွဲခုံပေါ်သို့လက်ထောက်လိုက်ရင်း ဒေးဗစ်အားမချိုမချဉ်မျက်နှာထားဖြင့်ကြည့်လိုက်ပြီး....
" ကဲပြောပါဦး... တို့ကိုဘာဖြစ်လို့ခေါ်တာ..."
ပြုံးစိစိဖြစ်နေသောဒေးဗစ်မျက်နှာ...
" ကျွန်တော်အရင်ကအချစ်ဆိုတာအယုံအကြည်မရှိခဲ့ဘူးဗျ....ကျွန်တော်အခုချိန်ထိမိန်းကလေးပေါင်းစုံနဲ့တွဲဖူးတယ်...ဒါပေမဲ့ရင်မခုန်ခဲ့ဘူးဗျာ...."
ထို့နောက် ခင်လေးလက်ကိုကိုင်လိုက်ရင်း...." အခုကျွန်တော်မမကိုရင်ခုန်နေပြီဗျာ ...ဟာဗျာ..ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ... ကျွန်တော်မမကိုချစ်မိနေပြီဗျာ...."
" အို..!!!"
ခင်လေးသည်အံ့ဩသွားသည့်ဟန်ဖြင့်ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ပြီးခေါင်းခါရမ်းလိုက်သည်။
" မမဘာဖြစ်လို့ခေါင်းခါလိုက်တာလဲဟင်... မမကျွန်တော့်မချစ်လို့လား..."
" မမတို့ကမဖြစ်နိုင်ပါဘူးမောင်လေးရယ်..."
" ဘာဖြစ်လို့လဲမမရယ်.... မမကိုကျွန်တော်ကအရမ်းချစ်တာပါဗျ...မမသာပြန်ချစ်ရင်ကျွန်တော်ဘာပဲပေးဆပ်ရပေးဆပ်ရဗျာ....ဘာများကျွန်တော့်မှာလိုအပ်ချက်ရှိနေလို့လဲဟင်...."
ခင်လေးသည်သက်ပြင်းချလိုက်လေသည်။ထို့နောက်သနားစဖွယ်ချွဲပြစ်သောလေသံလေးဖြင့်...
" မမလည်းမောင်လေးကိုချစ်ပါတယ်မောင်လေးရယ်...ဒါပေမဲ့..."
" ဒါပေမဲ့ဘာဖြစ်လဲမမရဲ့..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romansa" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."