ခမ်းနားကျယ်၀န်းသောအိမ်မကြီးတွင် မှောင်မဲနေပြီး အရာအားလုံးတိတ်ဆိတ်ခြင်းအတိ....ကျွီ!!!
တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်သူက ကြယ်စင်သော်....
ကြယ်စင်သည် ခြေလှမ်းဖွဖွလေးနင်းကာ လှေကားပေါ်သို့တတ်လိုက်လေသည်။
" သမီးလေးကြယ်စင်...."
ကြယ်စင်ကျောလေးသိမ့်ခနဲတုန်သွားမိသည်။
သူမအဖေမှန်းသိသော်လည်းနောက်သို့မလှည့်ရဲ့...
ဖရိုဖရဲသူမပုံစံကို သူမအဖေအားမမြင်စေချင်ပေ....
" အ... အဖေ... ပြောလေ..."
" ဒီနေ့သမီးပြန်မလာဘူးတောင်အဖေထင်နေတာ..."
" ဟို.. ဟို... ဒီ.. ဒီနေ့အလုပ်စောဆင်းတယ်လေဖေဖေရဲ့...အဲ့တာကြောင့်ပြန်လာတာပါ..."
" သမီးထမင်းစားပြီးပြီးလား... အဖေထမင်းဝိုင်းပြင်ပေးရမလား..."
" ရတယ်ဖေဖေ သမီးစားလာခဲ့ပြီးပြီ.....
အဖေ...သမီးနားတော့မယ်နော်..."ကြယ်စင် လှေကားပေါ်သို့တတ်လိုက်သည်။
" သမီး..."
" ရှင်အဖေ.."
ဦးမင်းသူသည် သက်ပြင်းချလိုက်ပြီး
" အဖေသမီးကိုတကယ်ကျေးဇူးတင်တယ်သိလား..."
" ဘာဖြစ်လို့လဲအဖေ..."
" သမီးတစ်ကယ်စိတ်ဓာတ်ခိုင်မာတယ်သိလား...အဖေတို့ရဲ့အရူပ်တွေကိုလိုက်ရှင်းရင်းသမီးပါဒုက္ခနွံထဲနစ်နေတာအဖေသိပါတယ်...အဲ့တာအဖေအပြစ်တွေလည်းပါပါတယ်သမီးရယ်..."
ကြယ်စင်သည် နောက်သို့လှည့်မကြည့်သေးပေ....
လှေကားလက်ရန်းကိုပို၍တင်းကျပ်စွာကိုင်ထားမိသည်။
"အဖေ... သမီးအတွက်ဂုဏ်ယူသလိုသမီးအတွက်စိတ်လည်းမကောင်းဘူးသမီးရယ်...မိသားစုပြဿနာတွေကိုဖြေရှင်းပေတဲ့အတွက်ကျေးဇူးတင်ပါတယ်သမီးရယ်..."
ကြယ်စင်မျက်ရည်များဝဲတတ်လာခဲ့သည်။
လက်လျော့တော့မည့်သူမအတွက် သူမအဖေ၏စကားတွေက တုံ့ဆိုင်းစေသလို သူမအပေါ်မျော်လင့်နေသောသူမအဖေကိုအားနာမိသည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."