Part(2)မုန်းသည်...သို့သော်...❤️‍🔥

84 1 3
                                    

   မှောင်ရီပျိုးစအချိန်....

    ညနေမှောင်စပျိုးချိန်ဖြစ်၍ အရက်သမားများ ရေချိန်ကိုက်စပြုသောအချိန်...

       ယနေ့မြို့ထဲတွင်ဘုရားပွဲတော်ရှိ၍ လမ်းမထပ်တွင်လူသွားလူလာများပြားလှသည်။

           ကျောင်းပြန်ချိန်ဖြစ်၍ ကျောင်းသူကျောင်းသာများအလျိုလျိုအိမ်ပြန်ကုန်ကြသည်။

    မပြန်နိုင်သေးသောမိန်းကလေးတစ်စု...

   ထိုမိန်းကလေးများသည် မျက်စိတောင်မှောက်ဖြင့်ပတ်၀န်းကျင်ကိုအကဲခတ်ကာကျန်ကျောင်းသားကျောင်းသူများအပြန်ကိုစောင့်နေကြသည်။

  " အဟင့်!! ငါ့... ငါ့ကိုလွတ်ပေးပါနော်..."

  " တော်စမ်းတိတ်တိတ်နေ..."

    စုအုံနေသောမိန်းကလေးအုပ်ကြားထဲမှထွက်လာသောငိုသံသဲ့သဲ့....

          မိန်းကလေးများသည် ကျောင်းသူမိန်းကလေးတစ်ယောက်၏ဂုတ်ကိုဖိကိုင်ထားကာ တစ်ချို့မှာထိုမိန်းကလေး၏
ဆံပင်အရှည်ကြီးအား ဆုပ်ကိုင်ထားလေသည်။

       လူရှင်းသွားပြီးနောက်မကြာမီ ထိုကျောင်း၀န်းထဲသို့ ကားတစ်စီးရောက်လာလေသည်။

   " ဒေါက်!! ဒေါက်!!"

        လှပ‌သွယ်လျသောခြေထောက်လေးတွင်တန်ဆာဆင်ထားသောဒေါက်ဖိနပ်အနီရောင်လေး...

         အနီရောင်စကပ်လေးကို၀တ်ဆင်ထားကာ အပေါ်မှနီညိုရောင်အကျီကို၀တ်ဆင်ထားသည်။ခါးပေါ်အကျီလေးမို့ သွယ်လှသောခါးဖြူဖြူလေးမှာမြင်သမျှလူအားလုံးကိုဆွဲဆောင်နိုင်လွန်းအားကြီးလှသည်။
    ရှည်လျားနက်မှောင်ကာ ဖြောင့်ဆင်းနေသောဆံပင်ရှည်ကြီးကိုဖြန့်ချထားသည်။ အသားအရည်မှာ၀င်းဝါစိုပြည်နေ‌ကာ သွယ်လှသောမျက်နှာပေါ်တွင်
နှုတ်ခမ်းပါးပါးလေးမှာ စိတ်တိုနေသောကြောင့်ကိုက်ဖိထားလေသည်။ကော့လေသောမျက်တောင်လေး ဖြောင့်စင်းသောနှာတံလေးနှင့်လှချင်တိုင်းလှနေသောသူမ....

          " သူဘယ်မှာလဲ..."

   အေးစက်စက်လေသံကြောင့် အခန်းထဲမှမိန်းကလေးများ အသံကြားရာနောက်သို့လှည့်ကြည့်လိုက်သည်။

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now