ဒီနေ့ကစနေနေ့...အိမ်မှာလုပ်စရာအလုပ်သိပ်မရှိ၍ ချစ်သူဇော်မင်းရှိန်ရှိရာကွန်ဒိုသို့ကြယ်စင်တစ်ယောက်ထွက်လာခဲ့သည်။
အိမ်တံခါးမကြီးအားတွန်းဖွင့်လိုက်သည်နှင့်ရလိုက်သည်က နှာခေါင်းထဲပြင်းရှရှအနံ့....
အရက်တွေနဲ့နေ့တိုင်းပတ်သတ်နေရသည့်အလုပ်လုပ်နေရသည့်သူမို့ကြယ်စင် အရက်နံ့မှန်းတန်းသိလိုက်သည်။ချစ်သူဇော်မင်းရှိန်ကိုလိုက်ရှာကြည့်လိုက်တော့ရေချိုးခန်းထဲရေချိူးနေလေသည်။
ကုတင်ပေါ်တွင်ရူပ်ပွနေသောအ၀တ်အစားနဲ့အခြားကိရိယာများ.....
ကြယ်စင်တစ်ခုချင်းစီပြန်ခေါက်လိုက်ပြီးကုတင်ပေါ်သေချာပြန်တင်ထားလိုက်သည်။
" ဟင်.!"
နံရံတွင်အမဲရောင်ပိတ်စနှင့်အုပ်ထားသောနေရာလွတ်တစ်ခု....
ကြယ်စင်တစ်ယောက်စပ်စုလိုစိတ်ဖြင့်အနားတိုးကပ်သွားလိုက်သည်။အပေါ်မှပိတ်စကိုလက်ဖြင့်ဖယ်ရန်ဟန်ပြင်လိုက်သည်။
" ကြယ်စင်သော်..."
သူမလက်ကိုနောက်သို့ရုတ်တတ်ရပ်ဆွဲယူခြင်းခံလိုက်ရသဖြင့် ကြယ်စင့်လန့်သွားရသည်။
" ဟင်!!"
နောက်သို့လှည့်ကြည့်လိုက်တော့ ရေချိုးသပတ်ကိုပတ်ထားကာ သူမလက်ကိုအတင်းဆွဲထားသောဇော်မင်းရှိန်.....
" ကိုယ်..."
ကြယ်စင်လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး နားမလည်သောမျက်နှာဖြင့်ဇော်မင်းရှိန်ကိုကြည့်လိုက်သည်။
" ကိုယ်... ဘာ... ဘာဖြစ်လို့လဲဟင်..."
"ဟို... အဲ့ဟာကလေကိုယ့်လုပ်ငန်းနဲ့ဆိုင်နဲ့စာရွက်စာတန်းတွေမို့လို့...ချစ်ထိလိုက်လို့တစ်ခုခုပျက်သွားတာတို့ပြဲသွားတာတို့ဖြစ်သွားမှာစိုးလို့ပါ...."
" ဪကိုယ်ရယ်...ချစ်ကကိုယ်အလန့်တကြားတွေလက်ကိုပြေးကိုင်တော့ဘာများဖြစ်တာလဲလို့လန့်သွားတာ..."
ဇော်မင်းရှိန်သည် ကြယ်စင့်မေးစိလေးကိုဖွဖွလေးကိုင်လိုက်ပြီးပြုံးလိုက်လေသည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Storie d'amore" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."