အပိုင်း( 16) မုန်းသည်...သို့သော်...❤️‍🔥

26 1 0
                                    

      အုပ်ချုပ်ရေးမှူးလည်းဖြစ်....ရာထူး‌၊ငွေကြေးဂုဏ်ရှိတဲ့သူ၏ဇနီးနာရေးဖြစ်၍ လာရောက်သူတော်တော်စည်ကားလှသည်။

        အမှန်မှာမေနှင်းသည်ဇနီးဟောင်းတစ်ယောက်သာဖြစ်ပြီးခင်ခင်လေးသည်
ဦးမင်းသူ၏တရား၀င်ဇနီးဖြစ်နေပြီဆိုသော်လည်း ဂုဏ်ရှိလှသောမိသားစုတွင်အိမ်ထောင်ကွဲဟူသော အသံထွက်လာမည်ကို ဦးမင်းသူအဖြစ်မခံပေ.......

        အခန်းထောင့်တစ်နေရာတွင် ခံစားချက်မဲ့စွာထိုင်နေသောကြယ်စင်.....

    သူမဘ၀ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပျောက်ဆုံးသွားသလိုခံစားနေရသည်။

     ဦးမင်းသူသည် ကြယ်စင်အနားရောက်လာပြီး အားပေးပွေ့ဖက်လိုက်သည်။

    " သမီး... သမီးလေးကြယ်စင်....သမီးခံစားနေရတယ်ဆိုတာအဖေသိပါတယ်....ဒါပေမဲ့သမီးဘ၀ကြီးပျက်စီးသွားတာမဟုတ်ဘူးလေ....သမီးဘေးမှာအဖေတစ်ယောက်လုံးရှိသေးတယ်လေ....အဖေကတိပေးတယ်...သမီးလေးဘ၀ကောင်းစားအောင်အဖေကြိုးစားပေးမယ်နော်သမီးလေး...."

       ကြယ်စင်သည်စီးကျလာသောမျက်ရည်များကိုသုတ်လိုက်ပြီး ဦးမင်းသူကိုဖက်လိုက်လေသည်။

   " အဖေ...သမီးမှာအဖေတစ်ယောက်တည်းရှိတော့တာနော်...သမီးကိုထားမသွားဘူးလို့ကတိပေးပါ..."

   " ဘာတွေပြောနေတာလဲသမီးရယ်...အဖေကဘာဖြစ်လို့သမီးကိုထားသွားရမှာလဲ....အဖေကသမီးကိုဘယ်တော့မှမသွားဘူးလို့ကတိပေးတယ်...."

    " ဒါပေမဲ့သမီးကြောက်တယ်ဖေဖေရယ်..."

     ဦးမင်းသူတို့သားအဖနှစ်ယောက်ဆီသို့ ခင်ခင်လေး ရောက်လာလေသည်။

       အခြားသူများသည်နာရေးဖြစ်၍ သာရေးကဲ့သို့လှလှပပ၀တ်မထားကြဘဲသာမန်ရိုးရိုးရှင်းရှင်းအဝတ်အစားများသာ ၀တ်ဆင်ကြသော်လည်း ခင်ခင်လေးကတော့ထိုသို့မဟုတ်....

       ချိတ်ထမီအဝါရောင်ကြီးနှင့်ပုဝါကိုပါလှလှပပခြုံထားပြီး ရွှေတွေကိုညွှန့်နေအောင်၀တ်ထားသည်မှာ မေနှင်းဆုံးသွားသည်ကို လာ၍အောင်ပွဲခံနေသလို.....

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now