ကြယ်စင်တစ်ယောက် ဓာတ်ပုံအယ်ဘမ်အဟောင်းထဲကဓာတ်ပုံတွေကိုကြည့်နေခြင်းဖြစ်သည်။" လှပသောစုံတွဲပုံလေး...တစ်ယောက်ခါးကိုတစ်ယောက်ကိုဖက်ကာမေတ္တာဓာတ်တွေပြည့်နေသောမျက်လုံးလေးဖြင့်
ကြည့်နေကြသောစုံတွဲလေး..."ထိုသူတို့မှာအခြားသူများမဟုတ်...ကြယ်စင်သော်နဲ့ဧကရီ့ပုံများဖြစ်သည်။
"ဟူးး"
ကြယ်စင်စိတ်ပင်ပန်းစွာသက်ပြင်းအရှည်ကြီးချလိုက်မိသည်။
" ဪ...ငါတို့တွေသာ မာနတွေ...အတ္တတွေနဲ့ ကလဲ့စားချေတာတွေကိုရှေ့တန်းမတင်ခဲ့ရင်ခုချိန်ငါတို့တွေ...."
" ဟူးး...ထားလိုက်ပါတော့ဟာ..."
" ချစ်..."
သူမပုခုံးကိုနောက်မှလှမ်းပုတ်ကာခေါ်လိုက်သောဇော်မင်းရှိန်ကြောင့်ကြယ်စင်လန့်သွားရသည်။
" ဟင်...ကို...ဘယ်တုန်းကရောက်နေတာလဲ..."
"ရောက်နေတာကြာပြီ...ချစ်ကဓာတ်ပုံတွေကိုစိတ်နှစ်နေတော့ ကိုယ့်ကိုတောင်သတိမထားဘူးမလား..."
" ဟီးး...ပုံအဟောင်းတွေထဲစိတ်ရောက်သွားလို့ပါ..."
" ဘာပုံတွေလဲ...ကိုယ့်ကိုလည်းပြပါဦး..."
ကြယ်စင်သည် အရင်ကျောင်းသူဘ၀ကဓာတ်ပုံတွေအား ထုတ်ပြလိုက်သည်။
" ချစ် ကငယ်ငယ်တည်းကချောပြီးသားပဲ...ချစ်စရာလေး.."
" အမယ် အပိုတွေပြောနေပြန်ပါပြီနော်..."
" တကယ်ပြောတာ...ပါးလေးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်း..."
ကြယ်စင်တစ်ယောက်ဓာတ်ပုံတွေပြရင်း ကျောင်းသားကျောင်းသူတွေအကုန်စုရိုက်ထားတဲ့ပုံတွေကိုဇော်မင်းရှိန်အားပြလိုက်သည်။
" ဟင်းး"
ဇော်မင်းရှိန်သည် ပုံကိုသေချာကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိသောအပြုံးကိုပြုံးလိုက်သည်။
" ဟင်...ဘာဖြစ်လို့ပြုံးလိုက်တာလဲဟင်..."
" ဪ...ဘာမှမဟုတ်ပါဘူး...ဒါနဲ့ချစ်ကငယ်ငယ်တုန်းကအပေါင်းအသင်းများခဲ့မှာပဲနော်..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."