နံနက်မိုးသောက်ချိန်အလင်းရောင်နွေးနွေးလေးက အခန်းထဲသို့အလုအယှက်တိုး၀င်လာကြသည်။
နေရောင်ကမျက်လုံးကိုလာကျီစားနေတာမို့ရိုစီတစ်ယောက်မျက်လုံးဖွင့်ကြည့်မိသည်။
" ဟင်...မနက်တောင်ရောက်နေပြီပဲ..."
အိပ်မှုန်စုံဝါးဖြင့်ပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်ရူ့မိသည်။
ရုတ်တတ်ရပ်ထမည်ကျန်တော့ သူမလက်မောင်းတစ်ဖက်ကလေးနေသည်။
" ဟင်!"
ရိုစီပြုံးမိသွားသည်။
သူမလက်မောင်းပေါ်တွင် နှစ်ခြိုက်စွာကလေးတစ်ယောက်လိုအိပ်မောကျနေသောကြယ်စင်....
နှုတ်ခမ်းဖူးဖူးလေးမှာအချစ်ကြမ်းခဲ့သည်မို့သွေးစို့နေကာ...လက်မောင်းဖြူဖြူလေးတစ်ဖက်မှာသူမခါးကိုဖက်ထားဆဲ...
ရိုစီတစ်ယောက်ကြယ်စင့်နားကိုတိုးကပ်သွားလိုက်သည်။
ငိုထားသည်မို့ မို့မို့ဖောင်းဖောင်းလေးဖြစ်နေသောကြယ်စင့်မျက်လုံးလေးကိုကြည့်ကာစိတ်မကောင်းဖြစ်မိသည်။
နဖူးပေါ်သို့လျောကျနေသောဆံနွယ်လေးကိုသပ်ပေးလိုက်ပြီး မြတ်နိုးစွာနမ်းလိုက်သောနဖူးလေး...
စောင်အပါးလေးကိုအပေါ်မှထပ်ခြုံပေးလိုက်ပြီး ကုတင်ပေါ်မှထလာလိုက်တော့သည်။
$$$$$$$$$$$$$
" ဟဲ့...နင်တို့ပြောနေတာအမှန်တွေလား..."
" ဟုတ်တယ်မသစ္စာရဲ့...မနေ့ကဘောစ့်ကကြယ်စင့်လက်ကိုအတင်းဆွဲပြီးကားပေါ်တင်ခေါ်သွားတာ...ပြီးတော့ဘောစ့်ကြည့်ရတာတော်တော်ဒေါသထွက်နေတဲ့ပုံပဲ..."
၀န်ထမ်းမလေးတွေ၏စကားကြောင့်သစ္စာပြုံးမိသည်။
" ဟင်းးး ရိုစီကသူ့ကိုသော့မရှာပေးနိုင်လို့အပြစ်ပေးတာထင်တယ်...ရိုစီကကြယ်စင့်ကိုဆိုလုံး၀ကိုမုန်းနေတာ...ကြယ်စင်...ကြယ်စင်...သနားပါတယ်ဟာ...နင်လဲ၀ဋ်ကြွေးမသေးဖူးပဲ...ဟားဟားဟား..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."