ကြယ်စင်တစ်ယောက်ဆေးရုံခုံတန်းပေါ်တွင်မလှုပ်မယှက် ငိုင်နေခဲ့သည်မှာ တစ်နာရီနီးပါးကြာခဲ့ပြီ။
ဘေးမှရိုစီသည် ကြယ်စင်ကျောပြင်လေးကိုပွတ်ပေးရင်းနှစ်သိမ့်နေခဲ့သည်။"ကြယ်စင်...ငိုချင်ရင်ငိုချလိုက်နော်...ဘာမှစိတ်ထဲချုပ်မထားနဲ့ ...နင့်ဘေးမှာငါအမြဲရှိတယ်..."
ကြယ်စင်သည် အဖြူရောင်နံရံကိုငိုင်ပြီးကြည့်နေရင်းမှ အေးစက်သော မျက်နှာဖြင့်
ရိုစီ့ကိုကြည့်လိုက်ရင်း...
"အေး..အမြဲတမ်းအနားမှာရှိနေတာကြောင့်လေ...ငါဒုက္ခရောက်တိုင်းနင်ရှိနေပေးတယ်...ပြီးတော့နင်ကပဲငါ့ကိုဒုက္ခရောက်အောင်လုပ်တဲ့တရားခံပဲ..."
"ဘာ!!"
ကြယ်စင့်စကားကြောင့်ရိုစီအံ့ဩသွားခဲ့သည်။"နင်..နင်ငါ့ကိုဘယ်လိုပြောလိုက်တယ်..."
ကြယ်စင် သည်။ငိုထား၍ နီနေသောမျက်လုံးဖြင့်ရိုစီ့ကိုစူးစိုက်ကြည့်လိုက်ရင်း...." ဟုတ်တယ်နင်ကြားတဲ့အတိုင်းပဲလေ...
ငါ့ကိုအတင်းနင့်ဆိုင်မှာလုပ်စေခဲ့တယ်..စာချုပ်နဲ့လညိးချိန်းခြောက်တယ်...ပြီးရင်ငါ့အသွေးအသားကိုပါနင့်ကိုပေးခဲ့ရတယ်...နင့်သာမရှိရင် ငါအမေရိကန်မှာအေးဆေးနေနေခဲ့ရမှာ...ငါ့မြန်မာပြည်ကိုပြန်လာပြီးဒုက္ခခံနေစရာမလိုဘူး...."ကြယ်စင်သေဆုံးသွားသောသူမအဖေကိုလက်ညိုးထိုးလိုက်ရင်း...
"ပြီးတော့ ငါ့..ငါ့အဖေ..ငါ့အဖေကိုစောင့်ပေးပါလို့နင့်ကိုပြောသားပဲ.."
"ဟင်းးး!!"
ကြယ်စင့်အသံတွေတုန်ရီနေခဲ့ပြီးအမောသံပေါက်လာခဲ့သည်။
" တကယ်ဆိုအဖေရောဂါထဖောက်ချိန်ဘေးမှာတစ်ယောက်ယောက်ရှိပေးရင်အဖေ့ကိုကယ်နိုင်ခဲ့မှာ...."ကြယ်စင် ရိုစီ့ကော်လံအင်္ကျီစကိုဆုပ်ကိုင်ထားလိုက်ပြီး ....
" ဒီပြသနာတွေအားလုံးရဲ့တရားခံဟာနင်ပဲဧကရီ..."
ရိုစီ့နာမည်ရင်းကိုပြောလိုက်သောကြယ်စင်...."ဘာ!!!"
ရိုစီ့အသံကျယ်သွားခဲ့သည်။
သူမအင်္ကျီလည်ကုတ်ကိုကိုင်ထားသောကြယ်စင့်လက်ကိုအတင်းဆွဲဖြုတ်လိုက်ပြီးတွန်းလိုက်သည်။
အရှိန်ကြောင့်ကြမ်းပြင်ပေါ်လဲသွားသော ကြယ်စင်...
ရိုစီသူမဘေးနားဒူးထောက်ထိုင်ချလိုက်ပြီး
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."