"ဘောစ့်..."
"ပြော...""အမူးပြေပြီလားဟင်..."
တံခါး၀တွက်ရပ်နေသည့်၀န်ထမ်းမလေး၏ပေကလပ်ပေကပ်အကြည့်ကြောင့်ရိုစီပြုံးမိသည်။
"ကဲလာ..အခန်းထဲကို... .""ဟုတ်..."
"မင်းက ငါမူးနေတာကိုကြောက်နေတာလား.."
"ဟီး..နည်းနည်း..."
"ငါစိတ်လေနေလို့သောက်တာပါ...ငါအခုကစပြီးအလုပ်ကိုသေချာပြန်လုပ်တော့မယ်..."
"ဟုတ်.."
"ပေးလေ..ငါလက်မှတ်ထိုးစရာရှိရင်..."
"ဟုတ်ကဲ့ဘောစ့်..."
ရိုစီသည် ၀န်ထမ်းမလေးပေးသော စာရွက်များကိုသေချာစစ်ရင်းလက်မှတ်ထိုးပေးနေခဲ့သည်။
"ဘောစ့်..""ပြော..."
"ဟိုလေ...ဟို...ကြယ်စင်သော်လေ..."
ကြယ်စင်သော်ဆိုသည့်နာမည်ကြားလိုက်ရသည်နှင့်သူမမျက်နှာချက်ချင်းတည်သွားခဲ့သည်။
"ဘာဖြစ်လို့လဲသူက..."
"သူ့မိထွေးလေ...သူ့အဖေသေတာမကြာသေးဖူး..နောက်ယောကျာ်းယူတော့မယ်တဲ့..."
"နေပါဦး...အဲ့တာကိုမင်းကဘယ်လိုလုပ်သိ..."
"သူမိသားစုကမြို့မျက်နှာဖုံးလေ...ပြီးတော့သူ့မိထွေးကိုယ်တိုင် Facebook မှာပို့တင်ထားတာ.."
၀န်ထမ်းမလေးသည်ရိုစီအား သူမလက်ထဲမှဖုန်းကိုပေးလိုက်သည်။
ရိုစီ ဖုန်းscreenကိုသေချာကြည့်ရင်း မျက်လုံးပြူးသွားခဲ့သည်။
ထိုင်ခုံပေါ်မှ ထရပ်လိုက်ပြီး ဖုန်းကိုသေချာစူးစိုက်ကြည့်လိုက်သည်။"ဒါ...ဒါက..."
"ဟင်...ဘာဖြစ်လို့လဲဘောစ့်!!"
" ဒေါ်ခင်လေးဆိုတဲ့သူလက်ထပ်မဲ့သူက ကြယ်စင်ရဲ့ရည်းစားပဲ..."
"ဟမ်!!"
"ဘယ်လို..."
၀န်ထမ်းမလေးသည်ဖုန်းကိုသေချာပြန်ကြည့်လိုက်ရင်း အံ့ဩသွားဟန်ဖြင့်...
"ဟယ် ..ဟုတ်သား...ခုမှသေချာပြန်ကြည့်လိုက်ရတယ်...ဟိုတစ်ခေါက်လာတဲ့ဇော်မင်းရှိန်ဆိုတဲ့သူမလား..."
ရိုစီသည် မျက်မှောင်ကျုံကာ စဉ်းစားလိုက်ရင်း...
" တစ်ခုခုတော့မှားနေပြီ....ကြယ်စင်ဒီကိစ္စကိုသိကောသိရဲ့လား...သိရင်သူကမ္ဘာပျက်ေနလောက်ပြီ...ပြီးတော့တရားစွဲတဲ့ကိစ္စကကော ကြယ်စင်လုပ်တာကောဟုတ်ရဲ့လား..."
"ဟာ.."
ရိုစီခေါင်းတွေရူပ်နေခဲ့ပြီ...
"ကြယ်စင်နဲ့အခုသွားတွေ့မှဖြစ်မယ်..."
"တီ..တီ!!"
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာစက်ပိတ်ထားပါသဖြင့်...
"မဟုတိသေးဘူး...သူမိထွေးကယုံရတာမဟုတ်ဘူး ..သူတစ်ခုခုဖြစ်နေတာများလား..."
ရိုစီကုတ်အင်္ကျီကိုကောက်၀တ်ကာ ကားသော့ကိုထုတ်လိုက်သည်။
"ဘောစ့်ဘယ်ကိုလဲ..."
"ကြယ်စင့်ဆီကို..."
"သူဘယ်မှာလဲဘောစ့်ကသိလို့လား..."
"မသိဘူး.."
၀န်ထမ်းမလေးသည်တစ်ချက်စဉ်းစားဟန်ပြုလိုက်ပြီး ဆိုင်က ၀န်ထမ်းကောင်လေးတွေကိုအကူအညီတောင်းကြည့်လိုက်မယ်လေ...ကြယ့်စင့်ဖုန်းကိုလမ်းဟက်ပြီးနေရာရှာလို့ရအောင်...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."