အပိုင်း( 18) မုန်းသည်...သို့သော်...❤️‍🔥

23 1 3
                                    

     ဒဏ်ရာ....အချို့ဒဏ်ရာတွေကအချိန်ကြာလာရင်ပျောက်သွားခဲ့ပေမဲ့ အနာကျက်သွားရင် အမာရွတ်တော့ကျန်စမြဲပဲလေ.....

   ဒါပေမဲ့ဧကရီ့ရင်ထဲကနာကျည်းမှုအမာရွတ်ကတော့ ဘယ်ဆေးမှမကုနိုင်လောက်အောင် အနာရင်းနေခဲ့ပြီ....

            " ဆယ်နှစ်ခန့်ကြာသော်..."

     " ဟိတ်မြန်မြန်လုပ်ကောင်မရေ...သူဌေးမလာတော့မယ်...သူဘယ်လောက်အပေါက်ဆိုးလည်းနင်သိရဲ့သားနဲ့...."

   " အေးပါနေပါဦးဟ...ငါစားနေတာကုန်တော့မယ်..."

       " ဟိတ်ဟိုကောင်မလေးတွေအခုထိအလုပ်ခွင်ထဲမှာ မုန့်ခိုးစားနေတုန်းပဲလား...သူဌေးမကားရောက်လာပြီနော်..."

    " ဟင်...တကယ်လားဒုက္ခပဲ.."

  " သွတ်သွတ်...စကားပါးစပ်ထဲကိုသွတ်...မုန့်ခိုးစားတာမိသွားရင်ငါတို့အပြစ်ပေးခံရလိမ့်မယ်..."

  " အေးပါဟ..."

  " ဒေါက်!! ဒေါက်!!

    ထိုအချိန်နားထဲကြားလိုက်ရသည်က သူတို့နောက်ဘက်မှစူးရှသောဒေါက်ဖိနပ်သံ....

       ကြောက်ကြောက်နှင့်နှစ်ယောက်သားနောက်လှည့်ကြည့်လိုက်သည်။

      အမဲရောင်ဘောင်းဘီအရှည်ကို၀တ်ဆင်ထားပြီး အတွင်းအကျီအဖြူရောင်အပါးလေးကို၀တ်ဆင်ထားကာ အပေါ်မှာကုတ်အကျီအနီလေးကို အပေါ်မှထပ်၀တ်ထားပြီး သေးသွယ်သောခန္ဓာကိုယ်လေးနှင့်လိုက်လှလွန်းလှသည့် ကြယ်စင်သော်....

        မုန့်ခိုးစားသူနှစ်ယောက်အား မျက်နှာထားတည်တည်ဖြင့်ကြည့်လိုက်ပြီး..

   " ငါ့နောက်လိုက်ခဲ့...."

     " ဟုတ်... ဟုတ်မမလေး..."

    ကြယ်စင်သော်သည် ထိုနှစ်ယောက်ကို
ရုံးခန်းထဲသို့ခေါ်လိုက်လေသည်။

   " နင်တို့ကိုငါဘာပြောထားလဲ..."

  " ဟို... ဟို အလုပ်ချိန်မှာအစားအသောက်မစားရဘူးလို့ပြောထားပါတယ်မမလေး..."

   " အဲ့တာဆိုသိရဲ့သားနဲ့တမင်တကာ စားတာပေါ့..."

  " မ... မဟုတ်ပါဘူးမမလေး... ဟို.. ဟိုဗိုက်မတရားစာလို့စားမိတာပါ..."

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now