စတိုခန်းထဲ အထီးကျန်စွာတစ်ယောက်တည်းထိုင်နေသော ကြယ်စင်...
ပါးပြင်ထက်စီးကျလာသောမျက်ရည်စများကို သုတ်လိုက်ပြီး စိတ်တိုစွာ ခေါင်းအုံးလေးကို လက်ဖြင့်ထုနေခဲ့သည်။
" ဒေါက်!!! ဒေါက်!!! "
" ဘယ်သူလဲ..."
" ငါပါ..."
ရိုစီမှန်းသိလိုက်၍ ကြယ်စင် နှာခေါင်းရူံ့လိုက်ပြီး
" မ၀င်နဲ့..."
" ဘာဖြစ်လို့လဲ..."
" မ၀င်နဲ့ဆိုမ၀င်လာနဲ့ပေါ့...မ၀င်ခိုင်း...."
" ကျွီ...!!"
ကြယ်စင့်စကားပင်မဆုံးသေး တံခါးပွင့်လာခဲ့သည်။
သော့မရှိသည့်အခန်းငယ်လေးမို့ ကြယ်စင်မ၀င်လာခိုင်းလည်း ရိုစီအတွက်သိပ်အခက်အခဲမရှိ... တွန်းဖွင့်လာရုံသာ....
ကြယ်စင်မျက်မှောင်ကျုံ့လိုက်သည်။
" ဘာကိစ္စအခန်းထဲ၀င်လာရတာလဲ...မ၀င်ပါနဲ့ဆို...အလုပ်အတွက်စိတ်မပူပါနဲ့ငါအချိန်မှီပြီးအောင်လုပ်မှာပါ...."
မရီမပြုံးခပ်တည်တည်မျက်နှာဖြင့် ကြယ်စင့်ကို မတ်တတ်ရပ်ပြီးကြည့်နေသောဧကရီ...
ကြယ်စင်မျက်နှာပူလာပြီး မျက်နှာလွဲလိုက်သည်။
ရိုစီသည် ကြယ်စင့်ဘေးတွင်၀င်ထိုင်လိုက်သည်။
" အဟင်း... ငါစကားပြောစရာရှိလို့ဒီဘက်လှည့်..."
" ဟင့်အင်..."
မျက်နှာလွဲထားဆဲဖြစ်သောကြယ်စင်....
နဂိုတည်းစိတ်ရှည်တတ်သူမဟုတ်သည့်ရိုစီလည်း ကြယ်စင့်ပါးလေးကိုသူမဘက်ဆွဲလှည့်လိုက်လေသည်။
" ဟဲ့..!! နင့်အဲ့တာဘာလုပ်တာလဲလွတ်စမ်း..."ရိုစီလက်လေးကို လက်ဝါးလေးဖြင့် ရိုက်ကာ ရုန်းနေသောကြယ်စင်....
" ငြိမ်ငြိမ်နေ... "
" ဟင့်အင်... ငါ့ကိုလွတ်လို့..."
" ငြိမ်ငြိမ်နေလို့ငါပြောနေတယ်လေ..."
" အ.!!"ရိုစီသည် သူမကိုရိုက်နေသောကြယ်စင့်လက်လေးနှစ်ဖက်ကိုဆွဲယူကာ ဆုပ်ကိုင်ထားလိုက်သည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."