အပိုင်း( 31) မုန်းသည်...သို့သော်...❤️‍🔥

24 1 0
                                    

        သမီးဖြစ်သူကြယ်စင်အလုပ်မှပြန်လာလျှင်အဆင်သင့်စားရန် ဦးမင်းသူတစ်ယောက်မီးဖိုချောင်ထဲတွင် ချက်ရေးပြုတ်ရေးဖြင့်အလုပ်ရူပ်နေလေသည်။

        ဒေါ်ခင်လေးကတော့ဆိုဖာပေါ်တွင် နေကြာစေ့စားလိုက်ဖုန်းကြည့်လိုက်ဖြင့်ဇိမ်ကျလေသည်။

     ဦးမင်းသူသည် ဒေါ်ခင်လေးအားအိမ်ထောင်ကျချိန်မှအခုချိန်ထိ အိမ်အလုပ်ကိစ္စတစ်ခုမှမခိုင်း....ဇနီးလှလှလေးမို့မခိုင်းရက်သည်ဟုပြောလျှင်ပိုမှန်မည်ထင်သည်။

     " ခင်လေး နေ့ခင်းဗိုက်ဆာရင်အစာ‌ပြေစားဖို့ မုန့်လုပ်ပေးထားတယ်နော်..."

     ဦးမင်းသူသည်ခင်လေးဆီလာရန်မီးဖိုချောင်ထဲမှအထွက် ခေါင်းထဲမိုက်ခနဲဖြစ်သွား၍နံရံကိုမှီနေလိုက်ရသည်။
    
    ခင်လေးလည်းပြာပြာသလဲ့ဦးမင်းသူဆီပြေးလာလေသည်။

    ဦးမင်းသူလက်ကိုကိုင်လိုက်ရင်း....

    " အကို... ရရဲ့လား..."

  " ရပါတယ်ကွာ...အိပ်ရေးမ၀လို့ဖြစ်တာနေမှာပါ..."

        ခင်လေးသည်ရုတ်တတ်ရပ်အကြံဆိုးတစ်ခုကိုသတိရသွားကာ ပြုံးလိုက်လေသည်။

    " ဖြစ်ရမယ်အကိုရယ်... ညဘက်တွေအကိုသောက်ဖို့ခင်လေး နွားနို့တိုက်မယ်နော်..."

     ဦးမင်းသူ‌တစ်‌ယောက် သိတတ်လိမ္မာသောဇနီးကောင်းလေးရပြီအမှတ်နှင့် ပိတိမျက်နှာဖြင့်ပြုံးလိုက်လေသည်။

  ခင်လေးလေးကိုကိုင်လိုက်ရင်း

   " ဒီလိချစ်စရာဇနီးလေးရထားတာကိုယ်တော့ကံကောင်းပြီပေါ့ကွာ..."

  " ဟုတ်ပါပြီကိုယ်ရယ်..."

       ခင်လေးတစ်ယောက် ဦးမင်းသူအားကြည့်ကာ မဲ့ပြုံးပြုံးမိလိုက်သည်။

    " ကျွန်မအကြံဆိုးကိုရှင်ကြီးမသိလို့ပါ...ဟားဟားဟား..."

       စိတ်ထဲမှကြိတ်ရီနေသောအသံများသက်သက်သာ.....

               $$$$$$$$$$$$$$$

     " သစ္စာ..."

    " သစ္စာ... နင်အခုဘယ်မှာလဲ..."

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now