" ကြယ်စင်..."
အလုပ်ခန်းထဲ၀င်ရန်ကြံစည်နေသောကြယ်စင်အား လှမ်းခေါ်လိုက်သောရိုစီ.....
" ဒီတစ်ခါဘာပြဿနာရှာဦးမလို့လဲဟာ..." တိုးညှင်းသောလေသံလေးဖြင့်ပါးစပ်မှပွစိပွစိပြောလိုက်လေသည်။
" ငါခေါ်နေတာမကြားချင်ယောင်ဆောင်နေတာလား...."
" လာ..လာပြီလို့.."
သူမဆီ ကပိုကရိုအမူအရာဖြင့်ပြေးလာနေသောကြယ်စင်ကိုမြင်လိုက်သည်နှင့် အခန်းတံခါးကိုဆွဲပိတ်လိုက်သည်။
" ဟယ်...ဘာလို့တံခါးကိုပိတ်လိုက်တာလဲ...နင်ပဲခေါ်ပြီးတော့...ဖွင့်လေတံခါးကို...."
ရိုစီသည်အေးစက်သောမျက်နှာတည်တည်ဖြင့် တံခါးကိုလော့ချလိုက်သည်။
"ကြယ်စင်....နင့်ကိုငါးမိနစ်အချိန်ပေးမယ်...အဲ့အချိန်အတွင်းမှာငါ့အခန်းတံခါးကိုဖွင့်နိုင်ရမယ်..."
ရိုစီ၏အဓိပ္ပာယ်မရှိသောစကားကြောင့်ကြယ်စင့်မျက်နှာရူံ့သွားသည်။
" ရူးနေလားရိုစီ...နင်ပဲတံခါးကိုဆွဲပိတ်ထားပြီးတော့...."
ကြယ်စင်တစ်ယောက်စိတ်ပျက်စွာသက်ပြင်းချလိုက်ပြီး....
" ရိုစီ....နင်ရူးနေလား....ဘာတွေအဓိပ္ပာယ်မရှိတဲ့ဟာတွေလုပ်ခိုင်းနေတာလဲ.. ငါကဘယ်ကနေသော့ကိုရှာလာရမှာလဲဟာ..."
" အဲ့တာနင့်အပိုင်းဖြစ်သွားပြီကြယ်စင်သော်...နင့်တာ၀န်ကငါခိုင်းဝာာလုပ်ဖို့ပဲ...အခုနင်သော့ကိုရှာပြီးငါ့အခန်းတံခါးကိုလာဖွင့်ရမယ်...."
အခန်းတစ်ဖက်မှအေးစက်စက်လေသံဖြင့်ပြောလာသောရိုစီ...
" အယ်...ငါကဘယ်လိုလုပ်...."
" ငါးမိနစ်အတွင်းသော့ရမလာရင်နင်အပြစ်ပေးခံရမယ်..."
" ရိုစီ..!!!"
ကြယ်စင်စိတ်ရူပ်စွာအော်လိုက်သည်ကြောင့်အသံကျယ်သွားသည်။
"ကြယ်စင်သော်...ငါ့ကိုလာမအော်နဲ့....သော့သာအမြန်သွားရှာ...မဟုတ်ရင်အပြစ်ပေးခံရမယ်.."
" ဟင်...ရို...ရိုစီ..."
" တစ်စက္ကန့်၊နှစ်စက္ကန့်...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."