အပိုင်း(21 ) မုန်းသည်...သို့သော်...❤️‍🔥

14 2 0
                                    

       "ဝုန်း!!!"

     အိမ်တံခါးမကြီးကို အားဖြင့်တွန်းဖွင့်လိုက်တာကြောင့် အသံကျယ်ကြီးထွက်လာခဲ့သည်။

        အိမ်ခန်းထဲမှ စိတ်ပူစွာ ပြေးထွက်လာသောဦးမင်းသူ....

      " သမီးလေး... သမီးလေးကြယ်စင်... ဘာဖြစ်လာတာလဲသမီးလေးရယ်...မျက်နှာလေးက နီရဲနေပါလား...စိတ်တိုလာတာလားသမီး..."

         " ဝုန်း!!!"

       စားပွဲခုံပေါ်မှ ပစ္စည်းမှန်သမျှကိုလက်ဖြင့်တွန်းတိုက်လိုက်သော ကြယ်စင်....

  " အား!!"

  ကြမ်းပြင်ပေါ် အားယုတ်စွာ ထိုင်ချလိုက်ပြီး

   " စိတ်တိုလိုက်တာအဖေရယ်...သိပ်စိတ်တိုဖို့ကောင်းတာပဲ...."

      ခင်ခင်လေးသည် ကြယ်စင်အနားရောက်လာပြီး ကြယ်စင့်ပုခုံးလေးကိုကိုင်လိုက်ကာ

          " သမီးလေးကြယ်စင်...ဘာဖြစ်လာတာလဲဟင်..."

  ကြယ်စင်သည် ခင်ခင်လေးအားဆောင့်တွန်းလိုက်ပြီး

   " အနားကထွက်သွားစမ်းပါ...ကျွန်မတို့မိသားစုအဲ့လိုဖြစ်ရတာရှင့်ကြောင့်...ရှင့်ကြောင့် ကျွန်မသူ့ဆီမှာ ကျွန်ခံရတော့မယ်..."

        ဦးမင်းသူသည် ကြယ်စင့်ပါးလေးအား ကိုင်လိုက်ပြီး

  " ဘယ်လို...သမီးဘယ်လိုပြောလိုက်တယ်...သမီးက အဲ့သူဌေးဆီမှာ ဘာကိစ္စကျွန်ခံရမှာလဲ..."

     ကြယ်စင်ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်တော့  ဦးမင်းသူသည် မျက်ရည်များစီးကျလာကာ

   " မလုပ်ရဘူးသမီး...သမီးအဲ့လိုလုပ်စရာမလိုဘူး...အဖေ့တို့လမ်းဘေးပဲရောက်ရောက်အဖေ့အတွက်အဆင်ပြေတယ်...ငါ့သမီးလေးကြယ်စင် ဘာမှပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး..."

      " ဒါပေမဲ့...ကျွန်မကတော့လို...."

       ခင်ခင်လေးမှ၀င်ပြောလိုက်ခြင်းဖြစ်သည်။

        ကြယ်စင်သည် စူးရှသောအကြည့်တစ်ချက်ကြောင့် ခင်ခင်လေးသည် ကြောက်ကြောက်လန့်လန့်ဖြင့် စကားကိုပင်ဆုံးအောင်မပြောနိုင်တော့ပေ....

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now