ကြယ်စင်သည် ကျောင်းမှအဆောင်သို့ကားဖြင့်ပြန်လာခဲ့သည်။
ကားပေါ်တွင်ဖုန်းကြည့်နေရင်း
" ကားသမား.... ကားမောင်းတာအရမ်းနှေးတယ်နော်..."
" ကျွန်တော်တောင်းပန်ပါတယ်မမလေး... ကျောင်းဆင်းချိန်ဆိုတော့ လမ်းပေါ်မှာလူရူပ်နေလို့ပါ..."
ကြယ်စင်သည် ကားဒါရိုက်ဘာအားပြုံးပြလိုက်ပြီး
" ရှင့်နေရာမှာ ကျွန်မသာဆိုရင် လမ်းကလူတွေကိုတိုက်ပစ်နေတာကြာလှပြီ..."" ဗျာ!!.."
အံဩသွားသောကားသမားပုံစံကိုကြည့်ပြီး ကြယ်စင်ပြုံးမိသည်။
" မမလေး.... ရှေ့မှာကားတစ်စီးပျက်နေတယ်ထင်တယ် ...."
" ဟုတ်လား.... အဲ့နားမှာရပ်လိုက်..."
ကြယ်စင်သည် ကားပြတင်းပေါက်မှ ကြည့်လိုက်လေသည်။
ကားပျက်နေသော ဧကရီ.....
ဧကရီသည် သူမကိုမြင်သောအခါ အကူအညီတောင်းချင်သော်လည်း မာနထား၍ မျက်နှာခပ်တင်းတင်းဖြင့်ပြန်ကြည့်လိုက်သည်။
ကြယ်စင်သည် ဧကရီ၏ အပြုအမူကိုသတိထားမိပြီး
" ဟိတ်.... ကူညီပေးရမလား.... တို့နဲ့လိုက်မလား..."
ဧကရီသည် လက်ပိုက်လိုက်ပြီး
" မလိုဘူး.... အိမ်ကိုလှမ်းဖုန်းဆက်ထားတယ်... တော်ကြာလာတော့မှာ ...."
" အဆင်ပြေတာသေချာလို့လား.... မကြာခင်မှောင်တော့မယ်....နင့်အိမ်ကလာရင်တော်တော်မှောင်နေလောက်ပြီ...."
" မလိုဘူးရတယ်လို့ပြောပြီးပြီးလေ..."
ဧကရီသည် ပါးစပ်ကသာမလိုဘူးပြောနေသော်လည်း.... အကူလိုနေသောမျက်နှာလေးမှာလိမ်လို့မရပေ....
ကြယ်စင်သည် မာနကြီးသော ဧကရီအား ပညာပေးချင်၍
" ကောင်းပြီလေ....အဲ့တာဆိုငါပြန်တော့မယ်...ဒီလမ်းက သူခိုးပေါတော့မှောင်တဲ့အထိနေဖို့် မသင့်တော်ဘူး....ကဲကားဆရာမောင်းတော့..."
ကြယ်စင်တို့ကားထွက်သွားသည်နှင့် ဧကရီသည် စိတ်တိုစွာ ကားကိုကန်လိုက်ပြီး
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."