" ဟဲ့ ဧကရီ...ကြယ်စင့်ကိုရုံးခန်းကိုခေါ်သွားတာဘာဖြစ်လို့လဲမသိဘူး...သူအပြစ်တစ်ခုခုလုပ်ထားလို့လားမသိဘူး...ကျောင်းအုပ်ဆရာမကြီးက သူ့ကိုကျောင်းထုတ်လိုက်မလားမသိ..."
" ဖြောင်း!!!"
ပူထူသွားသော သစ္စာ၏လက်မောင်း...ဧကရီ၏လက်ဝါးစာမိသွားရသည်။
' အ!!"
" ဟ...ဧကရီငါ့ကိုဘာလို့ရိုက်တာလဲဟ..."
" နင်ကပေါက်ကရတွေလျှောက်ပြောနေတာကို... ကြယ်စင်ကဘာအပြစ်မှလုပ်မထားဘူး... နင်ကသာသူ့ကိုဖြစ်နေချင်နေတာမလား..."
လူမိသွားသဖြင့်ပြုံးဖြီးဖြီးဖြင့်သွားသော သစ္စာ၏မျက်နှာ..." ဟာ... မဟုတ်ပါဘူးဟာ..."
ရုံးခန်းထဲမှ မျက်စိမျက်နှာပျက်ဖြင့် တုန်တုန်ရီပြန်ထွက်လာသော ကြယ်စင် ....
"ဟဲ့ဟိုမှာ ကြယ်စင်ပြန်ထွက်လာပြီ...မျက်နှာအခြေအနေမကောင်းဘူး..ငါခန့်မှန်းတာမှန်နေပြီထင်တယ်..."
ဧကရီသည် သစ္စာအား မျက်မှောင်ကျုံ့ပြီးကြည့်လိုက်ပြီး
" တော်စမ်းသစ္စာ နင့်ပါးစပ်ပိတ်လိုက်တော့...."ဧကရီသည် ကြယ်စင့်နားသွားလိုက်ပြီး
" ကြယ်စင်... နင်အဆင်ပြေရဲ့လား...နင့်ကြည့်ရတာအခြေနေမကောင်းသလိုပဲ..... ဘာဖြစ်လို့လဲဟင်...."
ကြယ်စင်သည် မျက်နှာငယ်လေးဖြင့် ဧကရီ့ကိုကြည့်လိုက်ပြီး
" ဧကရီ...ငါ့... ငါ့အမေကျန်းမားရေမကောင်းဘူးတဲ့....ငါအိမ်ကိုခဏပြန်ရမယ်..."
" ဟင်... အန်တီနေမကောင်းဘူးလား....အေးပါအဆင်ပြေပါစေလို့ငါဆုတောင်းပေးနေပါတယ်...ငါမေးပါတယ်လို့လည်းပြောလိုက်ပါဦးနော်..."
" အေးပါ..."
$$$$$$$$$$$$$$$$
" အမေ... အမေအခုဘယ်လိုနေသေးလဲဟင်.... သက်သာလား..."
" သက်သာပါတယ်သမီးရယ်...."
" အဲ့လိုကြားလို့၀မ်းသာပါတယ်....အမေကိုသမီးအရမ်းချစ်တယ်...အမေဘာမှဖြစ်လို့မရဘူးနော်..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."