လေယာဉ်ထွက်ပေါက်မှ ခရီးဆောင်အိတ်ကိုင်ကာ ထွက်လာသောကြယ်စင်.....
ဘောင်းဘီအမဲရောင်အရှည်ကို၀တ်ဆင်ထားကာ အကျီအဖြူရောင်အပါးကို၀တ်ဆင်ထားပြီး အပေါ်မှကုတ်အကျီအမဲရောင်ကိုထပ်၀တ်ထားကာ နေကာမျက်မှန်နှင့် လှချင်တိုင်း လှနေသောကြယ်စင်.....ကားဂိတ်တွင်အသင့်စောင့်ကြိုနေသော ဦးမင်းသူ....
ဆယ်နှစ်ဆိုသည့်အချိန်ကြာမြင့်မှုကြောင့် ဆံဖြူကာ ခါးကိုင်းလာခဲ့သည်။ကြယ်စင်သည် ဦးမင်းသူကိုမြင်မြင်ချင်း၀မ်းသာအားရပြုံးပြလိုက်သည်။
သို့သော် ဦးမင်းသူအနားတွင် mask တပ်ကာရပ်နေသည့် ခင်ခင်လေး....
ကြယ်စင့်အပြုံးတို့ရုတ်တတ်ရပ်ပျောက်ကွယ်သွားကာ မြန်ဆန်လာသောခြေလှမ်းများ....
ဒေါ်ခင်ခင်လေးဆီသို့ဦးတည်သွားကာ
အပေါ်သို့အားပါပါမြောက်တတ်သွားသောလက်...." ဖြန်း!!!"
ကြယ်စင်၏ လက်ချက်ကြောင့် maskပါကျွတ်ထွက်သွားသည့် ခင်ခင်လေး....
ဦးမင်းသူလည်း အလန့်တကြားဖြင့် ကြယ်စင့်ကိုလှမ်းဆွဲလိုက်ပြီး....
" သမီး... မလုပ်နဲ့... စိတ်ထိန်းပါသမီးရယ်..."
"ဒီအဘွားကြီး... ဒီအဘွားကြီးကိုသတ်ပစ်မယ်...ဒီအဘွားကြီးကြောင့် သမီးနှစ်ရှည်ကြိုးစားပြီးတည်ထောင်ထားတဲ့ကုမဏီ...သမီးကုမဏီကိုဆုံးရူံးရတာ..."
ခင်ခင်လေးသည် ကြယ်စင့်အား မျက်နှာချိုသွေးလိုက်ပြီး...
" သမီး... သမီးလေးကြယ်စင်... အန်တီအမှားကိုအန်တီသိပါတယ်ကွယ်....နောက်လည်းမလုပ်ရဲတော့ပါဘူးကွယ်....ဒီတစ်ခါတော့အန်တီ့ကိုခွင့်လွတ်ပေးပါ...ပြီးတော့အန်တီ့အကြွေးလေးတွေကိုဆပ်ပေးပါနော်...."
" ထွီ!!!"
ခင်ခင်လေးအနား တံတွေးထွေးလိုက်သော ကြယ်စင်...
" ရှင့်အကြွေးတွေကိုကျွန်မကဘာကိစ္စဆပ်ပေးရမှာလဲ...ကိုယ့်ဘာသာဆပ်...ကျွန်မအခုလာတာ ကျွန်မအမေအိမ်မဆုံးစေဖို့လာတားတာ...ရှင့်အတွက်တစ်ခုမှမပါဘူး..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."