" ကြယ်စင်...ကြယ်စင်.... နင်ငါ့ကိုခေါ်ပြီးဘာပြောစရာရှိလို့လဲဟင်...."
" အဲ့ထိုင်ခုံမှာထိုင်လိုက်...."
ကြယ်စင်သည် ခပ်တည်တည်မျက်နှာဖြင့် စုမြတ်နိုးအား အမိန့်သံပါပါပြောလိုက်ခြင်းဖြစ်သည်။
" ရော့..."
ကြယ်စင်ပေးလာသည်က video ကလစ်ကလေးတစ်ခု.....
စုမြတ်နိုးသည်နားမလည်သည့်ပုံစံဖြင့်ပြူးကြောင်ကြောင်လေးကြည့်ရင်း.....
' အဲ့တာ...အဲ့တာဘာလဲဟင်..."
" မနက်ဖြန်ကျောင်းမှာနှုတ်ဆက်ပွဲရှိတယ်မလား...အဲ့မှာစက်သမားကိုဒီ video ကလစ်ကလေးကိုဖွင့်ခိုင်းလိုက်...."
" အဲ့တာဘာ video လဲဟင်...."
ကြယ်စင်သည် စိတ်မလုံစွာပြုံးပြလိုက်ပြီး
" ဪ...ဒါက ဆရာမတွေကိုကြိုဆိုဖို့သီချင်းလေးဒေါင်းထားတာလေ....."
" ဟုတ်လား....ကောင်းတာပေါ့....ဒါနဲ့နင်ကဘာလို့ကိုယ်တိုင်မပေးတာလဲ...."
" ဘာလို့လဲဆိုတော့ ငါကမနက်ဖြန်လေယာဉ်နဲ့နိုင်ငံခြားကိုသွားတော့မယ်လေ...."
" ဟင်...တကယ်လားကြယ်စင်....နင်ကကံကောင်းလိုက်တာဟယ်...နိုင်ငံခြားထိပညာသင်ခွင့်ရတယ်....ငါနင့်ကိုလွမ်းနေမှာပါ...."
" ကျေးဇူးပါ စုမြတ်နိုးရယ်......"
စုမြတ်နိုးအားအပြုံးချိူချိုလေးဖြင့်ပြုံးပြနေသောကြယ်စင်....
ထိုအပြုံး၏နောက်ကွယ်တွင်.....
$$$$$$$$$$$$$$$
နှစ်ယောက်သားချိတ်ထမီအဖြူရောင်လေးကို၀တ်ဆင်ထားပြီး အကျီဇာအပါးအဖြူရောင်လေးနှင့်လိုက်ဖက်လှသောကြယ်စင်နှင့်ဧကရီ.....
သူတို့နှစ်ယောက် အခန်းထဲ၀င်လာသည်နှင့်လူအများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။
တီးတိုးသံအချို့ထွက်လာခဲ့သည်။
" ဟယ်ကြည့်စမ်းပါဦး...သူတို့နှစ်ယောက်က အကျီဆင်တူနဲ့အရမ်းလိုက်ဖက်နေပါလား....သူတို့နှစ်ယောက်ကတွေ့တာမကြာသေးပေမဲ့အရမ်းခင်နေပြီနော်....ကြည့်ပါဦး ငယ်ငယ်တည်းကပေါင်းလာတဲ့သစ္စာထက် ဧကရီက ကြယ်စင့်ကိုပိုခင်နေတာ...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."