ဆေးရုံခုံတန်းပေါ်တွင် ထိုင်နေသောမိန်းမပျိုတစ်ဦး....
သူမလက်များအေးစက်တုန်ရီနေပြီ ဂနာမငြိမ်ဖြစ်နေခဲ့သည်။
ခွဲခန်းထဲမှထွက်လာသောဆရာကိုမြင်လိုက်သည်နှင့် အပြေးအလွှားသွားလိုက်ပြီး.." Doctor ကျွန်မ....ကျွန်မအဖေကျန်းမာရေးအခြေအနေက..."
ကြယ်စင်စိတ်လှုပ်ရှားလွန်း၍ အသံများတုန်ရီနေခဲ့သည်။
" စိတ်ကိုအေးအေးထားပါ...လူနာက အကြောတွေရပ်တန့်ပြီးစိုးရိမ်ရတဲ့အခြေအနေရောက်နေပါတယ်...သတိပြန်ရဖို့ကမသေချာပါဘူး..."
" ရှင်အဲ့တာဆို...အဖေ့အခြေအနေကစိုးရိမ်ရတာပေါ့နော်..."
" ဟုတ်ပါတယ်...လူနာကိုအသေးစိတ်စစ်ဆေးဖို့ သွေးစစ်ဖို့လိုပါမယ်....ဒါမှရောဂါဖြစ်ရခြင်းအကြောင်းရင်းအသေးစိတ်ကိုသိရမှာပါ...."
ကြယ်စင်သည် Doctor ၏အင်္ကျီကော်လံကိုအားကိုးတကြီးဆုပ်ကိုင်လိုက်ပြီး...." Doctor တို့အဆင်ပြေသလိုသာလုပ်ကြပါ...ဘယ်လောက်ကုန်ကုန်ရပါတယ်...ကျွန်မအဖေ...ကျွန်မအဖေကိုသာပြန်ကောင်းအောင်လုပ်ပေးပါနော်..."
" ကောင်းပါပြီမိန်းကလေးကျွန်တော်ဘက်က တတ်နိုင်သမျှအကောင်းဆုံးကြိုးစားသွားပါ့မယ်..."
" အဖေနဲ့တွေ့ပြီးရပြီလားဆရာ .."
" ဟုတ်ရပါပြီ..."
" ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးနော်..."
" ဟုတ်ကဲ့ Doctor...."ဆရာ၀န်နှင့်စကားပြောပြီးသည်နှင့်ကြယ်စင်အခန်းထဲသို့ပြေး၀င်သွားခဲ့သည်။
အရေးပေါ်ခန်းထဲအောက်ဆီဂျင်ပိုက်ဖြင့် လှဲလှောင်ကာသတိမေ့နေသော ဦးမင်းသူ....ပါးပြင်ပေါ်သို့မျက်ရည်များဖြေမဆည်နိုင်အောင်ကျလာခဲ့သည်။
" အဖေ..."
ကုတင်ဘေးဒူးထောက်လိုက်ကာဦးမင်းသူလက်အားဆုပ်ကိုင်လိုက်ရင်း...
" အဖေ..သမီးတောင်းပန်ပါတယ်နော်...
သမီးလေ....သမီးကသမီးမိုက်ပါအဖေရယ်..
နေမကောင်းဖြစ်နေတဲ့အဖေ့ကိုမကောင်းတဲ့မိန်းမကြီးခင်လေးဆီမှာတစ်ယောက်တည်းထားခဲ့ရက်တာ...တုံးအလွန်းတဲ့သမီးမိုက်ပါအဖေရယ်....ပြသနာတွေကနေကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သလိုဖြစ်သွားခဲ့တယ်အဖေရယ်...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romansa" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."