အပိုင်း( 40) မုန်းသည်...သို့သော်...❤️‍🔥

38 2 0
                                    

      "ဘာ!!!"
   မိုက်ကယ်တစ်ယောက်ဒေါ်ခင်လေးအားစိတ်ပျက်စွာကြည့်လိုက်ရင်းပြောလိုက်ခြင်းဖြစ်သည်။

" မမရာ...ဘာလို့အဲ့လောက်တောင်အ ရတာလဲဟာ..."
" ဘာဖြစ်လို့လဲမိုက်ကယ်ရဲ့..."

" ခင်ဗျားအဖိုးကြီးကိုအဲ့လိုသွားလုပ်တော့ကျွန်တော်တို့သရုပ်မှန်တွေပေါ်ကုန်ပြီပေါ့ဟာ...သူ့သမီးကိုပြန်ပြောပြီး အမွေတွေရုပ်သိမ်းလိုက်ရင်ဘယ်လိုလုပ်မလဲ..."

ဒေါ်ခင်လေးသည်ခပ်ပေါ့ပေါ့ပြုံးရယ်လိုက်ပြီး ....
      "အမလေး...သူ့ကိုအဲ့လိုပြန်ပြောမှာစိုးလို့ တစ်ခါတည်းဆေးမှုန့်တွေပါးစပ်ထဲထိုးထည့်လိုက်တယ်...အခုချိန်လောက်ဆိုရှောနေရောပေါ့...သူသေသွားလည်းပတ်၀န်းကျင်‌ကအသက်ကြီးပြီးရောဂါထူလို့သေသွားတာလို့ပဲထင်ကြမှာ ဘယ်သူမှ သံသယ၀င်မှာမဟုတ်ဘူး ....."

         မိုက်ကယ်ဒေါသထွက်စွာ ခင်လေးပုခုံးကိုကြမ်းတမ်းစွာဆုပ်ကိုင်လိုက်ပြီး...
      " ခင်ဗျားတော်တော်စဉ်းစားဉာဏ်မဲ့တာပဲ....အဲ့အဖိုးကြီးသေသွားရင် အမွေတွေကသူ့သမီးပါတစ်၀က်ရဦးမှာ ကျွန်တော်တို့ကအကုန်လုံးလိုချင်တာလေ..."

   " ဟူးး...စိတ်ပျက်လိုက်တာကွာ...အ‌မွေတွေတစ်ပြားတစ်ချပ်မှမပေးနိုင်ဘူး....ခင်ဗျားအခုအိမ်ပြန်တော့ အိမ်ကိုတစ်ယောက်ယောက်ရောက်လာပြီး အဖိုးကြီးကိုမြင်သွားရင်မဖြစ်သင့်တာတွေဖြစ်လာမှာ..."

      ‌သူမထပ်သူမပိုက်ဆံတွေကိုပိုစိတ်ပူနေသော သူမချစ်သူမိုက်ကယ်ကိုကြည့်ပြီးခင်လေးတစ်ယောက်အံ့ဩနေခဲ့သည်။မိုက်ကယ်သူမကိုတကယ်ချစ်တာမှဟုတ်ရဲ့လား...
 
   " ခင်ဗျားဘာကြည့်နေတာလဲ...
ကြောင်တောင်တောင်နဲ့ရပ်ကြည့်မနေနဲ့အခုချက်ချင်းအိမ်ကိုအမြန်ပြန်...."

  ခင်လေးသည်သူမအပေါ်ရိုင်းစိုင်းစွာပြောနေသောမိုက်ကယ်အား မျက်စောင်း‌ထိုးလိုက်ပြီး...

     " အေးပြီးရော ငါအိမ်အမြန်ပြန်လိုက်မယ်ဟုတ်ပြီလား...နင်သိပ်စိတ်ပူနေတာလေ ...ငါ့ကိုမဟုတ်ပဲငါ့ပိုက်ဆံတွေကိုပေါ့...."

    ခင်လေးစကားကိုရွဲ့ပြောလိုက်ကာမှ မိုက်ကယ်တစ်ယောက် ခင်လေးဘေးနားတိုးကပ်သွားကာ ခင်လေးလက်လေးအားဆုပ်ကိုင်လျှက် မျက်နှာချိုသွေးလိုက်ရင်း...
   " ဟာ...မဟုတ်တာမမရယ်...ပိုက်ဆံတွေကိုစိတ်ပူတာမဟုတ်ပါဘူး...မမကိုပဲစိတ်ပူတာပါ...အဖိုးကြီးကမသေပဲ...မမကိုတိုင်လိုက်ရင်ဘယ်လိုလုပ်မလဲ...မမပဲထိခိုက်မှာ ကျွန်တော်ကအဲ့တာကိုပဲစိတ်ပူတာပါ..."

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now