"အင့်!!... ကြယ်စင်ငြိမ်ငြိမ်နေဟယ်....နင့်ကိုယ်ကြီးကိုမနည်းထိန်းလာရတာလွယ်ထင်တယ်ထင်နေလား..."ကြယ်စင်သည် မူးမူးဖြင့် ဧကရီ့ ပုခုံးအားမှီကာလိုက်လာရင်း
" ဟာ...မူးတယ်ကွာ... ဘာ.. ဘာ.. ဘာ... ဟိုသီချင်းလေ...."
ကြယ်စင်သည် လက်တစ်ဖက်ကိုအပေါ်သို့မြှောက်လိုက်ပြီး
" အရက်ကို ကြိုက်လို့သောက်တဲ့သူ... စိတ်ပျော်တတ်လို့သောက်တဲ့သူ.... သောက်ပလိုက်မယ်အရက်များများ... ဟေ့ဟေ့..."
ခါးလေးလှုပ်ကာကနေသော ကြယ်စင်....
သာမန်ချိန်တွင် မာနကြီးစွာစကားခပ်ပြတ်ပြတ်ပြောတတ်ပြီး တည်တည်တံ့တံ့နေတတ်သော ကြယ်စင်သည် မူးနေစဉ် ကလေးတစ်ယောက်လိုကနေသည်ကိုကြည့်၍ ဧကရီပြုံးမိသည်။
" ဘယ်လိုတွေတောင်ချစ်ဖို့ကောင်းနေရတာလဲ ကြယ်စင်ရယ်...."
" ဟ.. ဟ.. ငါလဲသွားပြီး... ဟားဟား...."
ကျောက်ခဲခလုတ်၀င်တိုက်ကာ လဲကျသွားသောကြယ်စင်....သူ့ဘာသာသဘောကျစွာရီနေသည်။
ဧကရီသည် ကြယ်စင့်အားဆွဲထူလိုက်ကာ သူမခါးကိုဖက်ကာအားယူစေပြီး
"ကြယ်စင်....ထထ... ဖုန်တွေပေကုန်ပြီ...."
အခန်းထဲရောက်သော် ကြယ်စင့်အား
ကုတင်ပေါ်တွင်လှဲစေလိုက်သည်။ဧကရီသည် အကြောဆန့်လိုက်ပြီး.....
" အား...သူ့သယ်ရတာနဲ့ငါ့ခါးနာသွားပြီ .."
မွေ့ယာပေါ်တွင်အငြိမ်မနေလူးလိမ့်နေသောကြယ်စင်....
" ပူတယ်... ပူလိုက်တာ..."ဟုဆိုကာ အကျီကြယ်သီးများကိုဖြုတ်နေလေသည်။
ဧကရီသည် ကြယ်သီးဖြုတ်နေသော ကြယ်စင့်လက်ကိုဆွဲတားလိုက်ပြီး
" ဟဲ့!!.ဟဲ့..!!."ကြယ်သီးတွေဆွဲဖြုတ်မနေနဲ့လေ..."
ကြယ်စင်သည် ဧကရီ့အားအသနားခံသည့်မျက်နှာလေးဖြင့်ကြည့်လိုက်ပြီး
" ဧကရီ... ငါ... ငါတကယ်ပူလို့ပါ... အပေါ်အကျီလေးတော့ချွတ်ခွင့်ပြုပါနော်..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."