အပိုင်း( 29) မုန်းသည်...သို့သော်...❤️‍🔥

23 2 0
                                    

      
    " အမလေး!!...ဒုက္ခပဲ..."

" ဟဲ့...ဟဲ့...ဘာဖြစ်တာလဲဟ..."

ဆိုင်၀န်ထမ်းအမကြီးသည် ထိုအော်သံကြောင့် ဆိုင်အောက်ထပ်သို့အပြေးအလွှားဆင်းလာခဲ့သည်။

အောက်ထပ်ရောက်ရောက်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကဒေါသထွက်ချင်စရာ....

အငယ်ဆိုင်အကူ၀န်ထမ်းမလေးသည် ဘိန်းမှုန့်များကိုသေချာဂရုမစိုက်ဘဲအိတ်ထုပ်ထဲသို့ထည့်လိုက်သဖြင့် အမှုန့်အနည်းငယ်အောက်သို့မှောက်ကျသွားခြင်းဖြစ်သည်။
(မှတ်ချက်...မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုပြင်းထန်စွာရူံ့ချသည်။🚫)

" ဟဲ့ကောင်မ....ညည်းဘယ်လိုလုပ်လိုက်တာလဲ...ကသမ်းကရမ်းနဲ့...ဒီကောင်မကတော့...ငါနားရင်းအုပ်လိုက်ရဖြင့်..."

ဆိုင်အကူ၀န်ထမ်းမကြီး၏ရိုက်ရန်ကြံစည်လိုက်သောလက်ဟန်ကြောင့် အငယ်၀န်ထမ်းမလေးသည်ဇာတ်လေးပုသွားကာ...

" မလုပ်ပါနဲ့ရှင်...ကျွန်မတောင်းပန်ပါတယ်..."

" အဲ့တာဘာဖြစ်နေကြတာလဲ..."

ရိုစီတစ်ယောက်အောက်ထပ်၌ဆူညံသံများကြားသောကြောင့်ဆင်းလာခြင်းဖြစ်သည်။

ရိုစီနောက်တွင်ပါလာသူကတော့ကြယ်စင်သော်...

ရိုစီသည်ကြယ်စင်အား ဆိုင်၀န်ထမ်းမကြီးနှင့်ရန်ဖြစ်ပြီးကတည်းကသူမဘေးမှမခွာစေတော့..ကသမ်းကရမ်းလုပ်တတ်သည့်ကြယ်စင့်အားစိတ်မချခြင်းလား...ဒါမှမဟုတ်....

" အဲ့တာဘာဖြစ်ကြတာလဲငါမေးတာဖြေလေ..."

ဆိုင်၀န်ထမ်းမလေးသည်ရိုစီ့ကိုမြင်မြင်ချင်း ကြောက်လွန်း၍ဒူးများပင်မခိုင်တော့ဘဲကြမ်းပြင်ပေါ်သို့ဒူးထောက်ကျသွားလေသည်။

တုန်ရီနေသောလက်ဖြင့်လက်အုပ်ချီလိုက်ပြီး...

" သခင်မ...သခင်မလေး... ဟို...ဟို...ကျွန်မတောင်းပန်ပါတယ်...."

ရိုစီသည်ပတ်၀န်းကျင်အခြေအနေကိုအကဲခတ်ကြည့်လိုက်ပြီးအောက်သို့ကျနေသောဆေးမှုန့်များကိုတွေ့လိုက်သဖြင့် အခြေအနေကိုသဘောပေါက်လိုက်သည်။

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now