အပိုင်း( 11) မုန်းသည်...သို့သော်...❤️‍🔥

20 1 0
                                    

    မနက်မိုးလင်းသည်နှင့်ဧကရီ့နှဖူးပေါ်ကျရောက်လာသည့်အနမ်းတစ်ပွင့်......

နူးညံ့သောနှုတ်ခမ်းလေး၏ထိတွေ့မှုကြောင့်ဧကရီနှိုးသွားခဲ့သည်။

မျက်လုံးဖွင့်လိုက်သည်နှင့်သူမဘေးတွင်ရှိနေသောကြယ်စင်.....

ကြယ်စင့်ကိုမြင်လိုက်သည်နှင့်ညကအဖြစ်အပျက်များကိုသတိရလိုက်ပြီး ရှက်ရှက်ဖြင့် ခေါင်းမူးခြုံလိုက်လေသည်။

" ဟယ်...ဧကရီ...ဘာဖြစ်လို့စောင်ကြီးကိုခေါင်းမူးခြုံထားတာလဲ .....ပြန်အိပ်မလို့လား...."

စောင်ပုံထဲမှပြန်လည်တုံ့ပြန်သံမကြားခဲ့.....

" ဟိတ်ကောင်မလေး...."

စောင်အတင်းကိုဆွဲဖယ်လိုက်သောကြယ်စင်....စောင်အောက်တွင်ရှက်ကိုးရှက်ကန်းဖြင့် ပါးလေးနီနေသောဧကရီ....

" ဟိတ်....စောင်ထဲမှာဘာလုပ်နေတာလဲ...မနက်(၇)နာရီထိုးပြီ....ပြန်မအိပ်နဲ့တော့...တော်ကြာသစ္စာလည်းပြန်လာတော့မှာ....တော်ကြာအချိန်မရှိဘဲနေမယ်...."

ဧကရီသည်စောင်ပုံထဲမှကောက်ထလိုက်ပြီး.....

" အချိန်မရှိဘဲနေမယ်ဟုတ်လား.....ဘာအတွက်အချိန်လိုတာလဲ..."

ပြုံးစိစိဖြစ်နေသည့်ကြယ်စင့်မျက်နှာ....

" ဘာအတွက်လည်းဆိုတော့.... "

ဧကရီ့ခါးလေးကိုဖက်လိုက်ပြီးဧကရီနှုတ်ခမ်းလေးအားနမ်းရန်အနားကပ်လ်ုက်လေသည်။

ကြယ်စင့်ပါးစပ်အားလက်ဖြင့်ကာထားလိုက်သောဧကရီ.....

" တော်ပြီလေကြယ်စင်ရယ်....သွားမတိုက်ရသေးဘူး....အာပုတ်စော်နံကုန်မှာပေါ့...."

" ရပါတယ်ဧကရီရဲ့....မနက်ခင်းအနမ်းလေးပေါ့...."

အိပ်ယာပေါ်မှထွက်ပြေးကာ
မတ်တတ်ရပ်လိုက်သောဧကရီ....

" ဟိတ်!!!.တော်ပြီနော်....ရေချိုးတော့မယ်..."

" တူတူချိုးမယ်လေ..."

အနားကပ်လာသောကြယ်စင်....

ဧကရီလည်းအလန့်တကြားဖြင့်တံခါးကိုအမြန်ပိတ်လိုက်ရသည်။

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now