"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်..."
" ဟာ...ဘာလို့ဆက်လို့မရတာလဲဟာ...ခုနကတည်းကဆက်နေတာကို..."
" အကိုရယ်ဘယ်ရောက်နေတာလဲဟာ...ဘာလို့ဖုန်းမကိုင်တာလဲ...ချစ်အကို့ကိုလိုအပ်နေတာလေဟာ..."
ကြယ်စင်တစ်ယောက်ခုံတန်းပေါ်တွင်ထိုင်ရင်းသူမချစ်သူဇော်မင်းရှိန်အားဖုန်းခေါ်မရ၍ ငြီးတွားနေခြင်းဖြစ်သည်။
" ဟိတ်.."
"ဟင်..ရိုစီ.."
သူမဘေးနားလာထိုင်သောရိုစီ...
" အယ်...လက်ထဲမှာလဲရေခဲမုန့်တွေနဲ့...."
"အင်း"
ရိုစီ့ ကြယ်စင့်ကိုပြုံးပြလိုက်ပြီး
"ရော့"
" ဟမ်.."
" ရေခဲမုန့်လေ..နင့်အတွက်တစ်ခု..."
" ဟင့်အင်ငါမစားချင်ဘူး..."
" ဘာလို့လဲ...နင်ရေခဲမုန့်အရမ်းကြိုက်တာကို..."
" ဟုတ်တယ်...ဒါမဲ့ငါအခုစိတ်ရူပ်နေတယ်...မုန့်ပဲသရေစာစားနေဖို့အချိန်မရှိဘူး..."
မှုန်ကုတ်ကုတ်ဖြင့် စိတ်ရူပ်စွာပြောလိုက်သောကြယ်စင်....
" ဟော...အဲ့တာမုန့်ပဲသရေစာမဟုတ်ဘူးလေ...အဲ့တာဆေးလို့ခေါ်တယ်..."
" ဟမ်..ဘယ်လို .."
" ဟုတ်တယ်...ပညာရှင်တွေပြောကြတာတော့ စိတ်ညစ်ရင်အချိုစားပေးရတယ်...အဲ့လိုဆိုလူတွေကပျော်လာကြတယ်တဲ့..."
" အမလေး..အလကားအပြောတွေ..."
" ဟွန့်"
ကြယ်စင့်စကားကြောင့် နှုတ်ခမ်းလေးဆူကာစိတ်ဆိုးဟန်ပြုလိုက်သောရိုစီ...
" မယုံဘူးပေါ့ငါ့စကားကို...အရင်လိုအလေးမထားတော့ဘူးပေါ့လေ..."
" အယ်မဟုတ်တာ..."
" ဟူးး"
သက်ပြင်းရှည်ကြီးချလိုက်သော ကြယ်စင်..
" အဲ့ဆိုလည်းပေးပါရှင်...စားပါ့မယ်..."
" ဟီး..တကယ်လား .."
"တကယ်ပေါ့..."
"နေဦး...ငါဘာကြိုက်တတ်လဲနင်သိရဲ့လား..."
"အမလေးသိတာပေါ့...ရှင့်အတွက်ချောကလက် ပါပြီးသား..."
" အော့်...တော်သားပဲ..."ကြယ်စင်သည် ချောကလက်ရေခဲမုန့်အားလျှာဖျားလေးနှင့်တို့လိုက်သည်။
အချိုဓာတ်လေးကြောင့် ပြုံးယောင်သန်းလာခဲ့သည်။
ရိုစီသည်ကြယ်စင့်အားကျေနပ်စွာကြည့်လိုက်ရင်း...
" ဘယ်လိုလဲချိုရဲ့လား..."
" အင်းချိုတယ်..."
ရိုစီတစ်ယောက်လူယုတ်မာအပြုံးဖြင့်ပြုံးလိုက်ရင်း...
ကြယ်စင့်နားနားတိုးကပ်သွားလိုက်ကာနှစ်ကိုယ်ကြားလေသံလေးဖြင့်...
" ချောကလက်ထပ် ငါ့နှုတ်ခမ်းလေးကပိုမချိုဘူးလား..."
" အယ်!!"
ရိုစီ၏စကားကြောင့် ကြယ်စင်မျက်လုံးပြူးသွားရသည်။
ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်ရင်း...
" အာ...သိတော့ဖူးဟာ..."
" မသိရင် ထပ်စမ်းကြည့်မလား...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."