" မောင်...မောင်...သမီးလေးအတွက်လည်းနည်းနည်းလေးတွေးပေးပါလားမောင်ရယ်....သမီးလေးကငယ်သေးတယ်....သူ့မှာမိထွေးတစ်ယောက်ရှိလာခဲ့ရင် သူဘယ်လိုခံစားရမလဲ....မေ့အတွက်ကတော့မောင်စိတ်ချမ်းသာရင်ဘာပဲလုပ်လုပ်ရပါတယ်....မေ ကသေလူပါ...ဒါပေမဲ့သမီးလေးကြယ်စင်အတွက်စဉ်းစား..."
" ချလွမ်...!!
နံရံဆီဖန်ခွက်ကိုပစ်ပေါက်လိုက်၍ ဖန်ကွဲစများ ပြန့်ကျဲကုန်သည်။
" ငါသိတယ်မေနှင်း....ငါသေချာစဉ်းစားပြီးပြီ....ကြယ်စင်လေးကျောင်းပြီးတာနဲ့သူ့ကိုနိုင်ငံခြားမှာ တက္ကသိုလ်တတ်ခိုင်းတော့မယ်....သူငါ့ချစ်သူခင်ခင်လေးကိုလည်းမြင်ရတော့မှာမဟုတ်ဘူး... မင်းကိုလည်းငါဆေးဆက်ကုပေးပါ့မယ်..."
"မဟုတ်သေးပါဘူးမောင်ရယ်.... ဘာလို့များမိသားစုလေးကိုကြေကွဲအောင် လုပ်ချင်နေရတာလဲ..."
ဦးမင်းသူသည် စိတ်တိုစွာ ဆေးရုံထိုင်ခုံကိုကိုင်မြောက်လိုက်ပြီး ဆေးရုံကုတင်ပေါ်တွင်လှဲနေသော မေနှင်းအား ရွယ်လိုက်သည်။
မေနှင့်လက်ဖြင့်ကြောက်ကြောက်ရွံရွံ့ဖြင့်ကာလိုက်သည်။ထပြေးရန် ကိုယ်တွင်လုံး၀အားရှိမနေခဲ့။
" မောင်... မောင်မလုပ်ပါနဲ့...."
ဦးမင်းသူသည်ထိုင်ခုံကိုကိုင်ထားဆဲဖြစ်ပြီး
" ခင်ဗျားကြောင့်.... ကျွန်တော့်ကိုငွေနဲ့အတင်းအိမ်ကိုပြောပြီးယူခဲ့တယ်..ကျွန်တော့်ဆန္ဒကိုမမေးပဲနဲ့ နိုင်ငံရေးလောကထဲအတင်း၀င်ခိုင်းခဲ့တယ်....အခုသမီးတစ်ယောက်ရလာတော့လည်းဖခင်တာ၀န်ကိုကျွန်တော်ကျေပွန်အောင် သူ့ကိုအကောင်းဆုံးဆိုတဲ့အရာတွေပဲပေးခဲ့တယ်.... ခင်ဗျားအခုလိုရောဂါဖြစ်နေတဲ့အချိန်မှာလည်း....ကျွန်တော်အကောင်းဆုံးဆေးရုံမှာကုသစေခဲ့တယ်....တော်လောက်ပြီလေ...ကျွန်တော်လည်းစိတ်ထွက်ပေါက်လိုချင်တာပေါ့...."
"ဒါပေမဲ့မောင်ရယ်...."
" ဟာကွာ..."
" ဝုန်း..."
" အမလေး..!!.."
ဦးမင်းသူသည်ထိုင်ခုံကို ကြမ်းပြင်အားဆောင့်ကာ ချလိုက်ခြင်းဖြစ်သည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."