အပိုင်း( 32) မုန်းသည်...သို့သော်...❤️‍🔥

23 1 0
                                    

ဦးမင်းသူတစ်ယောက်ညဘက်အိပ်ခါနီးတိုင်းဘုရားရှီခိုးပြီးမှအိပ်လေ့ရှိသည်။

" သာဓု...သာဓု...သာဓု..."

သတ္တဝါအပေါင်းကိုအမျှဝေ‌ပြီးသည်နှင့်ဘုရားခန်းထဲမှအထွက်...

" အကို..."

" ဟင်..."

" ခင်လေးပြောလေ..."

ဘုရားခန်းရှေ့တွင်နွားနို့အပြည့်ထည့်ထားသည့်ဖန်ခွက်ကိုကိုင်ကာစောင့်နေသောဒေါ်ခင်ခင်လေး...

" ဟို...အကို့အတွက်ခင်လေးကိုယ်တိုင်ကြိုပေးထားတဲ့နွားနို့ပူပူလေးပါ...အဲ့တာမအိပ်ခင်လေးသောက်ရအောင်ဆိုပြီးလာပေးတာ..."

" ဪ.."

ဦးမင်းသူတစ်ယောက်မျက်နှာတွင်ပီတိအပြုံးများလွှမ်းသွားသည်။

ဂရုစိုက်တတ်သောဇနီးကောင်းတစ်ယောက်ရထားသည်ဟုထင်မှတ်ကာပြုံးနေမိသည်။တကယ်တည်းမြွေပွေးခါးပတ်ပတ်ထားရမှန်းသူမသိပေ....

" ဟုတ်ပါပြီခင်လေးရယ်...ခင်လေးကိုကိုကြီးကအဲ့တာကြောင့်ချစ်နေရတာ..."

ခင်ခင်လေး၏ခေါင်းကိုပုတ်လိုက်ရင်းပြောလိုက်ခြင်းဖြစ်သည်။

" အကိုကြီးသောက်မယ်နော်..."

" ဟုတ်ကဲ့..."

နွားနို့ခွက်ကိုကိုင်ကာတစ်ကျိုက်တည်းမော့သောက်လိုက်သောဦးမင်းသူ...

" ဟင်း.."

ဦးမင်းသူမျက်နှာပျက်သွားသည်။

ဒေါ်ခင်လေးတစ်‌ယောက်လန့်သွားမိသည်။
" အရသာပြောင်းသွားတာသိလို့များလား..." စိုးရိမ်ထိတ်လန့်စိတ်ကကြီးစိုးသွားလေသည်။

"အကို...ဘာ..ဘာ...ဖြစ်လို့လဲဟင်..."

"ဪ...ခင်လေးကတိုက်တယ်ဆိုတော့
အကိုကြီးက၀မ်းသာအားရသောက်လိုက်လို့ပူသွားတာပါ..."

ဟင်းခနဲ ချလိုက်သည့်သက်ပြင်းချသံဖြင့်အတူဒေါ်ခင်လေးတစ်ယောက်ခုမှပြုံးနိုင်တော့သည်။

"ဪ...ဟုတ်လား...ဖြည်းဖြည်းသောက်ပါအကိုကြီးရယ်..."

$$$$$$$$$$$$$$$

တိတ်ဆိတ်ကာမှောင်မဲနေသောအခန်းကျယ်ကြီးတစ်ခု...

"ဝုန်း.."

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now