အပိုင်း(44 ) မုန်းသည်...သို့သော်...❤️‍🔥

31 1 0
                                    

           "ဘောစ့်.."
"   ဘောစ့်ရှင့်..!!"

    ၀န်ထမ်းမလေး ရုံးခန်းထဲသို့၀င်၀င်ချင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်အံ့ဩသွားခဲ့ရသည်။
          အမြဲတမ်းရုံးခန်းဆိုသန့်ရှင်းသပ်ရပ်နေ‌တတ်သော ရိုစီ၏ အခန်းသည် အခုတော့ အရက်ပုလင်းများနှင့် အသင့်စားအစားအစာများအပြည့်...
    ရုံးခန်းဆိုဖာပေါ်တွင် မူးပြီးအိပ်ပျော်နေသောရိုစီ....
   အင်္ကျီမှာ မနေ့ကအ၀တ်အစားဖြစ်၍ ကြည့်ရတာ အိမ်မပြန်ပဲ ရုံးခန်းမှာပဲမူးပြီးအိပ်ပျော်နေဟန်တူသည်။
    
        "ဘောစ့်!!!"
    ၀န်ထမ်းမလေးမဝံ့မရဲဖြင့် ရိုစီ့နားကို တိုးကပ်သွားခဲ့သည်။
    " ဟင့်!!"
      နှာခေါင်းထဲတိုး၀င်လာသောအရက်နံ့ကြောင့် နှာခေါင်းကိုအမြန်ပိတ်လိုက်ရသည်။
     "ဘောစ့်!! ကျွန်မ စာရွက်စာတမ်းတွေကို စားပွဲခုံပေါ်မှာပဲတင်ထားလိုက်တော့မယ်နော်..."
          နှာခေါင်းအမြန်ပိတ်ရင်း ရုံးခန်းထဲကအမြန်ထွက်သွားသော၀န်ထမ်းမလေး...
       ၀န်ထမ်းမလေးထွက်သွားသည်နှင့် ဆိုဖာပေါ်မှထထိုင်လိုက်သောရိုစီ...
     စားပွဲ‌ပေါ်တင်ထားသော စာရွက်စာတမ်းများကို ယူလိုက်ပြီး ‌စိတ်ရူပ်စွာနံရံထောင့်သို့ပစ်ပေါက်လိုက်သည်။

     "နင်ဟာပြဿနာအားလုံးရဲ့အဓိကတရားခံပဲ..."
     နားထဲထပ်ခါထပ်ခါကြားယောင်နေသော
ကြယ်စင်၏စကား...
         "တောက်!!!"
    ကျယ်‌လောင်စွာတောက်တစ်ချက်ခေါက်လိုက်ပြီး ဖန်ခွက်ထဲသို့ အရက်ငဲ့ချလိုက်သည်။
     ရိုစီစိတ်ထဲ ဒေါသနဲ့၀မ်းနည်းစိတ်ကလွဲပြီးကျန်တာဘာမှမရှိတော့....
   အလုပ်လုပ်ချင်စိတ်လည်းမရှိတော့သဖြင့် အရက်ကိုသာဖိသောက်နေခဲ့သည်။

                  $$$$$$$$$$$$$$

         "ဟမ်..!!
   " ကွန်ဒို password ကိုအကိုကပြောင်းထားတာပဲ..."
    ကြယ်စင်တစ်ယောက် ဇော်မင်းရှိန်၏ ကွန်ဒိုရှေ့‌တွင် ရပ်ရင်းညည်းညူနေခြင်းဖြစ်သည်။
         သူမပိုင်ဆိုင်သောအိမ်မှအတင်းဆွဲထုတ်ခံလာရ၍ ဒေါသကမပြေသေး...
       " လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ
ဆက်သွယ်မှုဧရိယာ ပြင်ပသို့...."
    "ဟာ အကိုကလည်း အရေးအကြောင်းဆိုဘယ်တော့မှ ဖုန်းဆက်လို့မရဘူး..."
   "ဟူးး"
      ကြယ်စင်သည် လှေကားပေါ်တွင်အားမရှိစွာထိုင်လိုက်ပြီး လက်ရန်းကိုမှီလိုက်သည်။
    ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်ကိုသုတ်လိုက်ကာ  နှာဖူးထက်မှဆံနွယ်များကိုပ
သပ်တင်လိုက်သည်။
     " နင်ငါ့ရှေ့ကထွက်သွားပါဧကရီ..."
   
            အဲ့အခိုက်အတန့်တုန်းကအသံတွေသူမနားထဲပြန်‌ကြားယောင်နေခဲ့သည်။
    ရိုစီပေါ်သူမပြောခဲ့တဲ့စကားတွေက ရင့်လွန်းအားကြီးမှန်းသူမသိသည်။အဲ့တုန်းကစိတ်အခြေအနေအရသူမခံစားနေရတာတွေကိုရိုစီအပေါ်ပုံချခဲ့မိခြင်းဖြစ်သည်။
  
       မိမိကိုယ်ကိုယ်လည်းမိဘမဲ့ဖြစ်သွားကိုမယုံနိုင်ခဲ့....
   ဖခင်အပေါ်သို့ရှိတုန်းကသေချာမပြုစုလိုက်ရသည့်အတွက်နောင်တကြီးစွာရရှိခဲ့လေသည်။
          "မဖြစ်သေးပါဘူး...အဖေ့ကိုဂူမသွင်းခင် ရင်ခွဲရုံကိုအရင်သွားကြည့်မှ...."
        ပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်လိုက်ကာ ဖခင်ရှိရာနေရာသို့သွားရန်ပြင်လိုက်တော့သည်။

မုန်းသည်...သို့သော်...❤️‍🔥Where stories live. Discover now