Part(23)မုန်းသည်...သို့သော်...❤️🔥
" အိမ်ထမင်း... အိမ်ဟင်းမစားရတာတောင်ကြာပြီးအဖေရယ်...."
" ဟုတ်လားသမီး...သမီးကိုစားစေချင်လို့အဖေကိုယ်တိုင်ဈေးသွား၀ယ်ပြီးချက်ထားတာသမီးရဲ့...ထည့်စားနော်...."
" ဟုတ်လားအဖေ... အဖေ့မိန်းမခင်ခင်လေးကဘယ်သွားနေလို့ထမင်းတောင်ချက်ဖို့အချိန်မရှိရတာလဲ...."
ကြယ်စင့်အမေးစကားကြောင့် ဦးမင်းသူ မျက်နှာပျက်သွားသည်။
" အဖေ့... သမီးမေးတာဖြေလေ.... ဒေါ်ခင်ခင်လေးဘယ်သွားလဲလို့..."
" ခင်လေး... ခင်လေးက သူ့မိတ်ဆွေတွေနဲ့အခုအပြင်မှာ ဖဲသွားဆော့တယ်"
" ဘာ!!!"
ထမင်းစားနေရင်းမှရုတ်တတ်ရပ် မတ်တတ်ရပ်လိုက်သောကြယ်စင်....
" သူက... သူကအဲ့လောက်တောင်သမီးတို့ဘ၀ပျက်နေတာတောင်ဖဲသွားဆော့ရဲတယ်ပေါ့ဟုတ်လားဖေဖေ....အံ့ဩတယ်အဖေရယ်...သူဒီအိမ်မှာဖို့မသင့်တော်တော့ဘူးဖေဖေ..."
" မလုပ်ပါနဲ့သမီးရယ်....သူ့ကိုအဲ့လိုအိမ်ကနေနှင်ထုတ်လိုက်ရင်...ခင်လေးကဘယ်မှာသွားနေရမှာလဲသမီးရယ်...."
ခင်ခင်လေးဆိုသည့်မိန်းမယုတ်အား
သံယောဇဉ်ရှိနေဆဲဖြစ်သည့် သူမအဖေအား ကြယ်စင်အလွန်စိတ်ပျက်မိသည်။" အဖေ့!!!"
စိတ်ကြီးသည့်ကြယ်စင်သည် ထမင်းပန်းကန်များကို အကုန်တွန်းချလိုက်သည်။
ကြမ်းပြင်ပေါ်သို့ကျကုန်သောထမင်းစေ့များနှင့်ပန်းကန်ကွဲစများ.....
" သမီးရယ် .... အဖေကိုချစ်ရင်ခင်လေးကိုနှင်မထုတ်ပါနဲ့နော်..."
ကြယ်စင်သည် သူမအဖေမျက်နှာကိုကြည့်လိုက်သည်။
သူမအမေဆေးရုံမှာသေလုနီးပါးဖြစ်တုန်းကတောင် ဇောချွေးတောင်တစ်စက်မပြန်ခဲ့သည့်ဦးမင်းသူသည် အခုတော့သူမရှေ့မှ ခင်ခင်လေးကိုနှင်မထုတ်ရေး ဒူးထောက်တောင်းပန်မတတ်ခယကာ မျက်ရည်အဝိုင်းသားနှင့်သူမအဖေ.....
ကြယ်စင်သည်ဦးမင်းသူအားစိတ်ပျက်သွားကာ
" တော်ပြီအဖေရယ်... အဖေ့အတွက်ကတော့သမီးထက်အဲ့မိန်းမကပိုအရေးကြီးမှန်းသိလိုက်ရပါပြီ....ဒီအိမ်ကအဖေပိုင်သေးတာပဲ...အဖေ့စိတ်ကြိုက်လုပ်ပါ....သမီးအိပ်ခန်းထဲသွားတော့မယ်...."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."