" ဘောစ့်!!! ဘောစ့်ပြန်လာပြီလား..."
"အင်း..."
၀န်ထမ်းလေးရဲ့ အမေးစကားကိုအေးစက်စက်လေသံဖြင့်ပြန်ဖြေလိုက်သောရိုစီ....
" ဟူးး..".သက်ပြင်းတစ်ချက်ချလိုက်ရင်း ထိုင်ခုံပေါ်တွင်ထိုင်လိုက်သည်။.
မျက်နှာပေါ်သို့ကျနေသော ဆံပင်များကို လှန်သပ်လိုက်သော ရိုစီ....
ဖြူဖက်ဖြူရော်ဖြစ်ကာမျက်လုံးအောက်မှအမဲရောင်လေးသည် အားမရှိကြောင်းသက်သေပြနေသလိုပင်...
၀န်ထမ်းမလေးသည် ရိုစီ့အားသေချာကြည့်လိုက်ပြီး
" ဘောစ့်...ဘောစ့်နေမကောင်းဖူးလားဟင်...မျက်နှာကဖြူဖက်ဖြူရော်နဲ့..."
" ငါအဆင်ပြေပါတယ်...ငါ့မရှိတုန်း...ဘာတွေဖြစ်သေးလဲ...ဘာအလုပ်တွေပေါ်လာသေးလဲ...."
" ဟို...ဟို...အလုပ်ကိစ္စကတော့ထွေထွေထူးထူးမရှိပါဘူးရှင့်...ဒါပေမဲ့ မနေ့ကဘောစ့်မရှိတုန်းကတော့...တွဲဖက်ပါတနာတွေနဲ့လုပ်တဲ့အစည်းအဝေးကိုဘောစ့်လွတ်သွားခဲ့တယ်နော်..."
ရိုစီသည် စိတ်ပျက်လက်ပျက်ဖြင့် နားထင်အားဖိကိုင်လိုက်ရင်း...
" အာ...ဟုတ်သားပဲ....ငါမေ့နေတာ...အခုကောအဲ့တာဘယ်လိုဖြစ်သွားလဲ..."
" အဲ့တာမသစ္စာကတာ၀န်ယူလိုက်ပါတယ်ရှင့်..."
" ဟင်..."
ရိုစီ့မျက်လုံးများအရောင်ပြောင်းသွားခဲ့သည်။ခေါင်းငုံ့နေရင်းမှ အေးစက်သောမျက်နှာအမူအရာဖြင့်၀န်ထမ်းမလေးကိုမော့ကြည့်လိုက်သည်။
" သူကဘာကိစ္စအဲ့အလုပ်တွေကိုလုပ်ရတာလဲ...သူနဲ့လည်းဘာမှမဆိုင်ပဲနဲ့...."
" ရှင်...မသစ္စာပြောတာတော့ ဘောစ့်နဲ့အလုပ်တွဲလုပ်လာတာကြာပြီနဲ့....အလုပ်ကိစ္စမှန်သမျှဘယ်လိုလုပ်ရမလဲဆိုဝာာသူသိတယ်တဲ့...အဲ့ဝာာကြောင့်..."
" အဲ့တာကြောင့် အစည်းအဝေးကိုသူကဦးဆောင်လိုက်တယ်ဆိုပါတော့..."
" ဟုတ်...ဟုတ်ကဲ့ဘောစ့်..."
၀န်ထမ်းမလေးစကားကြောင့် ရိုစီမဲ့ပြုံးပြုံးလိုက်သည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."