《 ကောင်းပြီ...ဒါက မတိုးသာမဆုတ်သာ အခြေအနေပဲ 》
ဩဂုတ်လ ၁၀ ရက် ၊ ၂၀၂၁ ၊ အင်္ဂါနေ့ ။
ညနေ ၃နာရီ ၃၅ မိနစ် ။ကျင်းမြို့၌ တိုက်ဖွန်းက တိမ်တိုက်တို့နှင့်အတူ ကင်းစင်သွား၏ ။ မိုးရွာပြီးနောက် ကြည်လင်နေသည့် အဆုံးအစမဲ့ ကောင်းကင်းပြာ နှင့် နေရာတိုင်း၌ နေရောင်ကလည်း တောက်ပလျက်ရှိသည် ။
ကျင်းမြို့ တရားရေးရာရဲဌာန၏ မှုခင်းဆေးဓါတ်ခွဲခန်း၌ ...
ရဲအရာရှိဟွမ်က ယဲ့ဟွိုင်ရွေ့၏ ရုံးခန်းထဲသို့ စိတ်အားတက်ကြွစွာဝင်လာသော်လည်း ကွန်ပြူတာရှေ့၌ ထိုင်နေပြီး အလုပ်များနေပုံရသော အိုးယန်ထင်းထင်းတစ်ယောက်တည်းကိုသာ မြင်လိုက်ရသည် ။
" ထင်းထင်း ... မှုခင်းဆေးဆရာဝန်ယဲ့ရော ? "
ရဲအရာရှိဟွမ်က မေး၏ ။
အိုးယန်ထင်းထင်းက တစ်ဖက်လှည့်လာကာ ပျူငှာသောအပြုံးဖြင့် ပြန်ဖြေပေးသည် ။
" မှုခင်းဆေးဆရာဝန်ယဲ့က ဘေးအခန်းမှာ တစ်ရေးလောက်အိပ်နေမယ်ပြောတယ် ... "
ထိုသို့ပြောရင်း မိန်းကလေးက ထရပ်ကာ
" ကျွန်မ လိုက်ပို့ပေးမယ် ... "မနေ့ညက သူတို့ ဝမ်ယန့်၏အခင်းဖြစ်ပွားရာ၌ ညလုံးပေါက် အလုပ်လုပ်ခဲ့ရပြီး အလောင်းကို ဓါတ်ခွဲခန်းသို့ ပြန်ယူလာကာ ချက်ချင်း အလောင်းခွဲစိတ်၍ နေ့လည်လောက်မှသာ အပြီးသတ်နိုင်ခဲ့၏ ။
တစ်ရက်လုံးနီးပါး မနားမနေအလုပ်လုပ်ခဲ့ရပြီးနောက် အားလုံးလည်း ခြေကုန်လက်ပန်းကျသွားရသည် ။
ကျန်းမင်မင်ပင်လျှင် တစ်ညလုံးမအိပ်ခဲ့ရသည့်ဒဏ်ကြောင့် ကားမမောင်းရဲသဖြင့် အငှားကားဆရာ ဝန်ဆောင်မှုကို ဆက်သွယ်၍ အိမ်သို့အနားယူရန် တွားသွားပြန်ခဲ့ရ၏ ။
ယဲ့ဟွိုင်ရွေ့မှာ ရဲအရာရှိဟွမ်၏ ခဏနေပြန်လာမည်ဟူသော စကားကိုတွေးမိပြီး ကောင်းကင်ကကြည်လင်ကာ မိုးရွာမည့်အရိပ်ယောင်လည်း မပြသောကြောင့် အိမ်သို့ပြန်မသွားတော့ဘဲ နားနေခန်းထဲ၌သာ တစ်ရေးအိပ်ဖို့ ဆုံးဖြတ်လိုက်သည် ။
![](https://img.wattpad.com/cover/378343668-288-k377661.jpg)
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)