လပြည့်ည မရောက်ခင်
တစ်ရက်အလိုတွင်ဖြစ်သည်။
Luhan သူ၏နန်းဆောင်တွင်
ရှိသမျှဝတ်ရုံတွေအားလုံးကိုမွှေနှောက်ရင်း
အလှဆုံး အတောက်ပြောင်ဆုံးနှင့်
အပေါ်လွင်ဆုံးဖြစ်နိုင်မည့်တစ်ထည်ကို
ရှာနေမိသည်။သူ့မှာရှိသည်က တစ်ထည်လုံးစွတ်စွတ်ဖြူမဟုတ်ရင် တစ်ထည်လုံးအပြာတွေချည်းဖြစ်သည်။
အနီရောင်ဆို၍ ညီလာခံတက်ဖို့နှင့် အခမ်အနားတစ်ချို့တက်သည့်အခါဝတ်ရန် အနည်းငယ်သာရှိသည်။ အဝတ်အထည်တွေကို စိတ်ကြိုက်မတွေ့မချင်းထိုးဖွနေရင်းမှ ရုတ်တရက် Luhan ရပ်တန့် သွားသည်။သူမေ့နေတာ....
သူက Oh Sehun ကိုကျေးကျွန်တစ်ယောက်အနေနှင့်မိတ်ဆက်ထားတာမဟုတ်လား?
ဒီလိုတောက်ပြောင်လှပတဲ့ပိုးထည်တွေဝတ်လို့မရဘူးဘဲ.....
နောက်ပြီး သူတို့ထပ်ဆုံကြမှာကလည်း
ဆောင်ကြာမြိုင်ဖြစ်တာကြောင့် သွားတွေ့တဲ့နေ့ကျရင် Luhan မိန်းကလေးဝတ်စုံကိုသာထပ်ပြီးဝတ်ရဦးမည်။Luhan စိတ်ပျက်လက်ပျက်ဖြင့်
ထိုင်ချလိုက်မိတော့သည်။
သူမိန်းကလေးလိုဝတ်ရသည်ကိုမကြိုက်ပါ။
နောက်ပြီးOh Sehun ကလည်းသူ့ကို
မိန်းကလေးလိုမြင်နေမှာမျိုးမကြိုက်ပါ။သူဟာ ယခုပုံစံဖြင့်မည်မျှခမ်းနားကြောင်း Oh Sehun ကိုမြင်စေ့ချင်မိသည်။Oh Sehun အကြောင်းတွေးတောမိရာမှ
တစ်နေ့ညကတွေ့ဆုံခဲ့ခြင်းကိုသတိရပြီး
နှုတ်ခမ်းတို့ကအလိုလိုကွေးသွားရသည်။မျက်လုံးကိုစုံမှိတ်
မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ရင်း
ကြမ်းပြင်ကိုတဒုန်းဒုန်းနှင့်ခြေဆောင့်မိသည်။ရှက်သည် မျက်နှာပူသည်ဆိုပေမယ့်လည်း
သူ့ကိုထပ်တွေ့ချင်စိတ်ကတားမရဆီးမရ။ပြုံးစိစိဖြစ်နေသောနှူတ်ခမ်းကိုကိုက်ရင်း
မျက်နှာပိုးသတ်ကာ
ဖရိုဖရဲဖြစ်နေသောဝတ်ရုံကိုလည်း
သေသေသပ်သပ်ပြင်လိုက်ပြီး
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "