နန်းတွင်းထဲရှိ ဥယျာဉ်များထဲမှ
အလှဆုံးသော အကျယ်ဝန်းဆုံးသော
ဘုရင့်ဥယျာဉ်တွင်ဖြစ်သည်။Luhan အဆောင်ထဲတွင်ရှိနေစဉ်
အပြင်ဘက်မှကုန်းကုန်းတစ်ယောက်က
သခင် သူ့ကိုခေါ်ခိုင်းသည်ဆိုသောအမှာစကားကြောင့် ဥယျာဉ်တော်ကိုထွက်လာဖြစ်သည်။ခမည်းတော်နှင့်အစ်ကိုတော်တို့၏အမှတ်တရများစွာကိန်းအောင်းနေသောထိုဥယျာဉ်တော်ထဲသို့ Luhan မသွားချင်သော်လည်း
သူ့အား သခင်က မလိုအပ်ဘဲခေါ်မှာမဟုတ်ဟုထင်မိသောကြောင့် ထွက်လာလိုက်တော့သည်။ဥယျာဉ်တော်ထဲသို့ရောက်လာတော့
အလယ်မှ ရေကန်ငယ်၏အပေါ်တွင်
ဆောက်လုပ်ထားသောနားနေဆောင်၌
မထင်မှတ်ထားသောသူတို့ကို Luhan
တွေ့လိုက်ရသည်။"အကိုကြီး!! "
နားနေဆောင်သို့ဖြတ်သွားရမည့်တံတားလေးပေါ်တွင် အကိုကြီးXiu သည် အငိုမျက်လုံးအပြုံးမျက်နှာဖြင့် ရပ်လျက် သူ့ကိုကြည့်နေခဲ့သည်။
Luhan အကိုကြီး၏အနားသို့အမြန်ပြေးသွားလိုက်တော့ နားနေဆောင်ထဲတွင်ရှိနေသော အကိုလတ်နှင့်အကိုငယ် ကိုပါ မြင်လိုက်ရတော့သည်။
"အကိုလတ်!...အကိုငယ်! "
"အငယ်ဆုံး!! "
သူ့အားပြေးဖက်လိုက်ကြသောအကိုနှစ်ယောက်
ကြောင့် အိမ်မက်မဟုတ်မှန်းသေချာခဲ့ရသည်။"အငယ်ဆုံး!!.....အဆင်ပြေရဲ့လား? ဟမ်!
ဘာဖြစ်သေးလဲ? ""မင်းကို နှိပ်စက်သေးလား?.....ကြည့်ဦး
ပိန်သွားလိုက်တာ!... သူတို့မင်းကို တစ်ခုခုလုပ်တယ်မဟုတ်လား?ဟမ်! "Luhan ခန္တာကိုယ်ကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း
ဝမ်းပန်းတနည်း .. စိုးရိမ်တကြီး
မေးမြန်းနေကြသောအကိုငယ်နှင့်အကိုလတ်တို့...တကယ်တမ်းက သူတို့ကမှLuhan ထက်ပိုပြီးပင်ပန်းခဲ့ရမှာသေချာသည်။တိုင်းပြည်၏တန်ဖိုးအကြီးဆုံးပိုးထည်ကိုမှဝတ်ခဲ့ကြရသောမင်းသားတွေသည် ယခုမူ အရောင်လွင့်နေသောဝတ်ရုံနွမ်းနွမ်းများကိုဝတ်ဆင်ထားကြသည်။နဂိုကမှ လူကကောင်သေးသော အကိုငယ် Baek ဆိုလျှင် သူ့ထက်တောင် ပိုပိန်နေသေးသည်။
ŞİMDİ OKUDUĞUN
Master Of The Prince
Tarihi KurguOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "