" အင်းးး... "
ရင်ခွင်ထဲမှညည်းငြူသံခပ်တိုးတိုးကြောင့်
Sehun မျက်လုံးတွေပွင့်လာခဲ့သည်။
သူ့ရင်ခွင်တွင်ကျောပေးကာအိပ်စက်နေသောHanသည် အဝတ်မကပ်သေး။
ခါးအောက်ပိုင်းဟာ စောင်ခြုံထားပြီး မြင်နေရတဲ့ခန္တာကိုယ်အပေါ်ပိုင်းမှာတော့ Sehun ပေးထားသော အမှတ်အသားများအပြည့်ဖြင့်ချယ်မွမ်းခံထားရသည်။Han ၏ကိုယ်လုံးအား သူနှင့်မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်တော့ ခန္တာကိုယ်ကနွေးနေတာကိုသတိထားမိလိုက်သည်။နဖူးကိုစမ်းကြည့်လိုက်တဲ့အခါမှာလည်း ကိုယ်ငွေ့နည်းနည်းရှိနေလေသည်။ညက သူနည်းနည်းကြမ်းသွားတာကြောင့် Han ဖျားပြီထင်၏။
"Han...Han ထဦး... "
နှိုးပြီးဆေးတိုက်ဖို့ကြံရွယ်ပေမယ့် Han က သူ့အသံကြားတဲ့အခါ သူမွေးထားတဲ့ခွေးပိစိလိုမျိုး မျက်လုံးလေးမပွင့်တပွင့်နဲ့ရင်ခွင်ထဲခေါင်းတိုးဝင်ပါလေသည်။
"Han ရေ "
သူ့ကိုမနှိုးစေချင်သည့်သဘောဟုထင်ပါသည်။
Han က သူ့ရင်ဘတ်မှာ မျက်နှာလာကပ်ကာ ပွတ်သီးပွတ်သပ်လုပ်ရင်း ဆက်အိပ်သည်။
ကိုယ်တွေပိုပြီးပူလာမှာစိုးသော်လည်း Han က မထချင်တာမို့Sehun ဆက်မနှိုးဖြစ်တော့။
ရင်ခွင်ထဲဝင်ကွေးနေသော ပုစွန်လုံးလေးအား ပိုပြီးခပ်တင်းတင်းပွေ့ပိုက်ထားလိုက်ရသည်။ပြန့်ကျဲနေတဲ့ဆံပင်တွေကြားက မြင်နေရတဲ့နဖူးပြင်ကိုနှုတ်ခမ်းဖြင့်ဖိကပ်ရင်း ငြိမ်နေတော့ နိုးလာပုံရတဲ့ Han က
" သခင်က ပိုချောတယ် "
"Hmm? "
"သခင်က ပိုကြည့်ကောင်းတယ်လို့ ပြောတာ "
အိစိအိစိနဲ့အသံတိုးတိုးလေးက တကယ်ကိုသူမွေးထားတဲ့ခွေးပိစိလေးအတိုင်း။
ရင်ခွင်ထဲထည့်ဝှက်ထားတဲ့မျက်နှာကိုထုတ်ကြည့်တော့ဖြင့်မျက်လုံးတောင်မပွင့်သေး။

YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "