Part-25

19.1K 1.1K 106
                                    


"မင်းကြီး!!
အ​နောက်​ဘက်​နယ်​စပ်​မှာ
ဖြစ်​​နေတဲ့တိုက်​ပွဲအတွက်​ စစ်​အင်​အားအလုံအ​လောက်​မရှိတဲ့အ​ကြောင်း အကူအညီ​တောင်းခံစာ​ရောက်​​နေပါတယ်​!! "

"တိုက်​ပွဲ?..အရင်​တစ်​​ခေါက်​ ညီလာခံတုန်းက
အဲ့ဒီတိုက်​ပွဲက ဒီလောက်​ကြီးကျယ်​လာလိမ့်​မှာမဟုတ်​ဖူးလို့​ အမတ်​ကြီးတို့်ဘဲပြောခဲ့တာမဟုတ်​လား? "

"ဟုတ်​ပါတယ်​...မင်းကြီး
မွန်​ဂိုလူမျိုး​တွေရဲ့နယ်​ကျွံရန်​ရှာမှုက
မရပ်​တန့်​သွားဘဲ ပိုပိုဆိုးလာပြီး
တိုက်​ပွဲအ​သေးစာတစ်​ခုက​နေ
ရက်​ရှည်​တိုက်​ပွဲတစ်​ခုဖြစ်​လာ​နေပါပြီ မင်းကြီး! "

"မင်းကြီး!! အ​နောက်​ဖက်​နယ်​စပ်မှာရှိတဲ့
တိုင်းပြည်​ရဲ့တန်​ဖိုးအကြီးဆုံး ဆားတွင်း​တွေကို
မွန်​ဂို​တွေမျက်​စိကျ​နေလို့ ကျူး​ကျော်​​နေတာပါ။ ဒီအတိုင်းထားလိုက်​ရင်
အ​နောက်​ဖက်​တစ်​ခြမ်းလုံး မွန်​ဂို​တွေလက်​ထဲ​ရောက်​သွားနိုင်​ပါတယ်​မင်းကြီး! "

အ​နောက်​ဖက်​နယ်​စပ်​တိုက်​ပွဲအ​ရေးနှင့်
ပတ်​သပ်​ပြီးအရင်​တစ်​​ခေါက်​ညီလာခံက
တင်​ပြလာတာလည်း ဤအမတ်​​တွေဘဲ။
စစ်​အကူလွှတ်​ထားဖို့သူ​ပြောတုန်းက
စိုးရိမ်​စရာမရှိ​ကြောင်း​ပြောပြီး
အကူအညီမပို့ထားခဲ့ဘူး။
အခုလို တကယ့်​တိုက်​ပွဲဖြစ်​လာမှ
ကုလားသိုက်​ကျားဝင်​ကိုက်​သလို
တစ်​​ယောက်​တစ်​​ပေါက်​နှင့်​ပျားတုတ်​​ပြကြလေသည်​။

"အခုချက်​ချင်း အင်​အားအကူအညီ​တွေပို့ထားလိုက်​ပါ ​နောက်​ထပ်​ထူးခြားတဲ့အ​ခြေအ​နေ​တွေကိုလည်းအဆက်​မပြတ်​သတင်းပို့ခိုင်းထားပါ "

"အမိန့်​​တော်​ကိုနာခံပါမယ်​ မင်းကြီး! "

တစ်​ပတ်​အတွင်း​ပြောင်းလဲလာ​သော
ကုန်​စည်​​ဈေးကအစ နယ်​စပ်​တိုက်​ပွဲအ​ရေးအဆုံး
မငြီး​ငွေ့နိုင်​​သောပြသနာများကိုနား​ထောင်​ပြီး​နောက်​ ယ​နေ့အတွက်​ ညီလာခံပြီးဆုံး​လေသည်​။

ညီလာခံပြီး​သော်​လည်း
သူ နားလို့မရ​သေး။
ယ​နေ့က တိုင်းခန်းလှည့်​ရမည့်​​နေ့လည်းဟုတ်​သည်​။ဘုရင်​သစ်​အဖြစ်​ တရားဝင်​နန်းတက်​ပွဲသာပြုလုပ်​ထားရ​သေးပြီး ပြည်​သူ​တွေနှင့်​​တော့တိုက်​ရိုက်​မ​တွေ့ရ​သေးဘူးမဟုတ်​လား။

Master Of The PrinceWhere stories live. Discover now