Part-51

9.7K 1.1K 112
                                    

ဝမ်​ပြည်​နယ်​သို့ခရီးဆိုက်​သည့်​​နေ့​၏
နောက်​တစ်​ရက်​မှာဘဲ နန်းတက်​ပွဲကစတင်​​လေသည်​။ဂိုဂူ​ယောနည်းတူ တက်​​ရောက်​ချီးမြှင့်​ကြ​သော အိမ်​နီးချင်းမဟာမိတ်​တိုင်းပြည်​များမှ ဘုရင်​ သို့မဟုတ်​ အိမ်​​ရှေ့စံ ၊ သံအမတ်​စသည့်​အမှုထမ်းအရာရှိ​ပေါင်းများစွာဖြင့်​ နန်းတက်​ပွဲကစည်​ကားသိုက်​မြိုင်​ခဲ့၏။

နှစ်​ရက်​တာကုန်​ဆုံးပြီးတဲ့​နောက်
သုံးရက်​​မြောက်​​နေ့မှာ Sehun ဝမ်​ပြည်​နယ်​၏နန်းပြင်​အရပ်​သို့ မပြန်​ခင်​ တစ်​ခဏ အလည်​အပတ်​ပြုဖြစ်​သည်​။စီးပွား​ရေးပြည်​နယ်​ဖြစ်​​သော​ကြောင့်​ စီးပွား​ရေး​ဈေးကွက်​အ​ခြေအ​နေကိုသိချင်​တာလည်း ရည်​ရွယ်​ချက်​တစ်​ပိုင်းတစ်​စ ပါဝင်​သည်​။

အရပ်​ဝတ်​ဖြင့်​ ထွက်​လာခဲ့ပါ​သော်​ငြား
Sehun ရဲ့ကိုယ်​ရံ​တော်​​တွေအပြင်
ဝမ်​ဘုရင်​ကထည့်​​ပေးလိုက်​​သောကိုယ်​ရံ​တော်​​တွေလည်း သူ့အား ကြည့်​ရှူ့​စောင့်​​ရှောက်​ဖို့ အနားမှလိုက်​ပါလာကြသည်​။တစ်​ပတ်​တာတွင်​ ငါးရက်​မှာ ​ဈေးပွဲ​တော်​ဖြစ်​​နေ​သောဝမ်​ပြည်​နယ်​၏​ဈေးကြီးထဲသို့ဦးတည်​ခဲ့ကြရာမှာ လမ်းညွှန်​အဖြစ်​ နန်းတွင်း​​ရိက္ခာစု​ဆောင်း​ရေးဌာနမှ လက်​​ထောက်​တစ်​ဦးလည်း Sehun နှင့်​အတူလိုက်​ပါလာ​သေး၏။


ဈေးထဲတွင်​လှည့်​လည်​ကြည့်​ရှု​မိနေစဉ်
လမ်းကြားတစ်​ခုကိုဝင်​လာလိုက်​​တော့
အတင်းတိုးကြပ်​​နေ​သောလူအုပ်​နှင့်​တိုး​လေသည်​။
သေချာကြည့်​လိုက်​တဲ့အခါမှ
ပိတ်​စဆိုင်​တစ်​ခု​ရှေ့တွင်​​ဈေးဝယ်​များပိတ်​ပြီး
လူကြပ်​​နေခြင်းဖြစ်​မှန်းသိ​တော့သည်​။
ရောင်​စုံပိတ်​စများကို တွဲလီတွဲ​လောင်းချိတ်​ထား​သောထိုဆိုင်​တွင်​ လူအုံတိုး​နေရခြင်းရဲ့အ​ကြောင်းအရင်းကို Sehun သိချင်​တာမို့ ​ရှေ့ဆက်​တိုးသွားလိုက်​သည်​။

ထိုဆိုင်​အနားသို့် နီးလာတဲ့အခါမှာ​တော့
ဆိုင်​တွင်းမှ​အော်​ဟစ်​​နေသံကိုပါ ပီပီပြင်​ပြင်​ကြားလိုက်​ရ​တော့သည်​။လူအုံတိုး​နေခြင်းအ​ကြောင်းသည်​ကား ပိတ်​စများကို တန်​သင့်​​သော​ဈေးထက်​အလွန်​​လျှော့ကာ​ရောင်း​နေ​သော​ကြောင့်​ပင်​ဖြစ်​သည်​။မည်​မျှပင်​​ဈေး​လျှော့​ပေး​စေကာမူ ယခုသူတို့​ရောင်း​နေ​သောတန်​ဖိုးအ​နေဖြင့်​​တော့ ပိတ်​စတစ်​စကိုဝယ်​မရ​ကြောင်း သိတာမို့ Sehun ပိုပြီးစူးစမ်းချင်​မိသွားသည်​။

Master Of The PrinceWhere stories live. Discover now