အေးချမ်းနေတဲ့ညတွင်းတွင်
ရုတ်တရက်ဆန်သော ကျူးကျော်တိုက်ခိုက်မှုကြောင့် နန်းတွင်းအစောင့်တပ်အငိုက်မိသွားကာ
နန်းတွင်းဂိတ်တံခါးပေါက်သွားရသည်။ချင်နိုင်ငံတွင်ဆွဲထားခဲ့ပြီးသောဗျူဟာအရ
အင်အားတစ်ချို့သည် ဂိုဂူလျောတွင် ရက်ကြိုကာရောက်နေနှင့်ပြီးဖြစ်သည်။နန်းတွင်းပတ်ဝန်းကျင်တွင် ကိုယ့်လူတွေချည်းပို့ထားလိုက်ကာစောင့်ကြည့်စေပြီး နန်းတွင်းအမတ်များ၏ပူးပေါင်းမှုဖြင့်လည်း နန်းတွင်းထဲအထိပါ လူတစ်ချို့ထည့်ထားပြီးသားဖြစ်တာမို့ ပုန်ကန်မှုစတင်သည်နှင့် အတွင်းလူများကလည်း သူတို့် တာဝန်ကိုကျေပြွန်ပြီးသားဖြစ်သည်။နန်းတွင်းအမတ်များ၏အင်အားကလည်း
Sehun အဖေ၏သြဇာအောက်သို့ကျရောက်ပြီးသားအခြေအနေမို့ ယခုဆို ပုန်ကန်မှုသတင်းကိုလှမ်းအကြောင်းကြားကြလျှင်တောင် မသိချင်ယောင်ဆောင်နေပေးကြလိမ့်မည်။သူတို့် ကို ခုခံမည်က နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့နှင့် စစ်မှုရေးရာအမတ်ကြီး၏လက်အောက်မှစစ်တပ်သာရှိသည်။ ထိုစစ်တပ်အင်အားသည်လည်း ယခု Sehun ဦးဆောင်လာနေသော ချင်နိုင်ငံစစ်တပ်အင်အား၏ တစ်ဝက်တောင်မပြည့်တာမို့ အသာလေးဝင်စီးလိုက်နိုင်ရုံသာရှိသည်။နန်းတွင်းတစ်ခုလုံးယောက်ရက်ခတ်နေကြသည်။
အကြောင်းကြားထားသောစစ်ကူများရောက်မလာကြ၍လည်း စစ်သူကြီးမှာဒုက္ခများနေရသည်။နန်းတွင်းအင်အားနှင့်အတူ အကူအညီများရောက်လာပါက ပုန်ကန်သူများကိုထိန်းနိုင်မည်ထင်ခဲ့သော်လည်း လက်တွေ့မှာအချိန်မရှိတော့။
အစောင့်တပ်တွေအားလုံးကျကုန်ပြီး
ပုန်ကန်သူတွေက နန်းတွင်းကိုကျူးကျော်ရောက်ရှိနေလေပြီ။"အရှင်မင်းကြီး!!! နန်းတွင်းထဲကနေထွက်သွားပြီး
တစ်နေရာရာကိုခဏရှောင်နေရပါမယ်!! အခုနန်းတွင်းမှာရှိနေတဲ့အင်အားနဲ့ ဆက်ပြီးခုခံနေတုန်းမှာ ကိုယ်ရံတော်တပ်ဖွဲ့နဲ့အတူလိုက်သွားလိုက်ပါ "
VOCÊ ESTÁ LENDO
Master Of The Prince
Ficção HistóricaOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "